ရန်ကုန် လိုင်စင်မဲ့ကားစီမံချက် တစ်လအတွင်း လိုင်စင်မဲ့ကား ၁ဝ စီးနှင့် စည်းကမ်းပျက်ကား အစီး ၁,၁ဝဝ ကျော် ဖမ်းဆီးရရှိ

0

Full article

ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် လိုင်စင်မဲ့ကားများကို စီမံချက်ရေးဆွဲ၍ ဌာနပေါင်းစုံပူးပေါင်းကာ မြို့နယ်အလိုက် ဖမ်းဆီးစစ်ဆေးနေလျှက်ရှိရာ တစ်လအတွင်း လိုင်စင်မဲ့ကား၁ဝ စီးနှင့် စည်းကမ်းပျက်ကား အစီး ၁,၁ဝဝ ကျော် ဖမ်းဆီးရရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အမှတ် (၂)ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံး၏ စာရင်းများအရ သိရသည်။

ရန်ကုန်တိုင်းအတွင်း လိုင်စင်မဲ့ကားများစီမံချက်ဖြင့် ဖမ်းဆီးစစ်ဆေးမှုများကို ဇူလိုင်လ ၅ ရက်ကစတင်ပြုလုပ်နေပြီး ကညနမှ တရားဝင်ထုတ်ပေးထားသည့် သတ်မှတ်ထားသော ယာဉ်နံပါတ်ပြားကို မတပ်ဆင်ထားသည့် ယာဉ်များ၊ ယာဉ်စည်းကမ်းဖောက်ဖျက်သွားလာသည့်ယာဉ်များအား စစ်ဆေးအရေးယူနေလျှက်ရှိရာ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ရပ်ကွပ်အုပ်ချူပ်ရေးမှုရုံးမှ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ ပူးပေါင်း၍ မော်တော်ယာဉ် များကို စစ်ဆေးအရေးယူမှုများပြုလုပ်နေလျှက်ရှိကြောင်းသိရသည်။

" ရန်ကုန်တိုင်းမှာ လိုင်စင်မဲ့ကားတွေကို စီမံချက်နဲ့ဖမ်းဆီးစစ်ဆေးနေတာ တစ်လအတွင်းလိုင်စင်မဲ့ကား ၁ဝ စီးနဲ့ စည်းကမ်းပျက်ယာဉ် အစီး ၁,၁ဝဝ ကျော်အထိ်ဖမ်းဆီးရရှိထားတယ်။ ကညနကသတ်မှတ်နံပါတ်ပြားမတပ်ဘဲ မောင်းနှင်တဲ့ကားက ၁ဝ စီးလောက်ရှိတယ်။ စည်းကမ်းဖောက်ဖျက်တဲ့ကားတွေကိုလည်း မော်တော်ယာဉ်ဥပဒနဲ့ဖမ်းဆီးအရေးယူပါတယ်။"ဟု ရန်ကုန်တိုင်းဒေသကြီးအမှတ်(၂)ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လိုင်စင်မဲ့ without ကားအများဆုံးဖမ်းဆီးရရှိမှုမှာ ရန်ကုန်တိုင်းနှင့် မွန်ပြည်နယ်တွင် ဖြစ်ပြီး လိုင်စင်မဲကား စီးနင်းမှုကို စစ်ဆေးဖမ်းဆီးရမိပါက သွင်းကုန်ထုတ်ကုန် ဥပဒေဖြင့် နိုင်ငံတော်ပိုင်ဘဏ္ဍာအဖြစ်သိမ်းဆည်းအရေးယူသွားမည့်အပြင် ယာဉ်မောင်းနှင်သူကိုလည်းအရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

Author