ရန်ကုန်မြို့တော်အတွင်း ယာဉ်ကြောကျပ်တည်းပိတ်ဆို့မှုများ မဖြစ်ပေါ်စေရန်နှင့် ယာဉ်စည်းကမ်း၊လမ်းစည်ကမ်း လိုက်နာစေရေးအတွက် စည်းကမ်းဖောက်သည့်ယာဉ်များအား ထိရောက်စွာအရေးယူသွားမည်

0

Full article

ရန်ကုန်မြို့တော်အတွင်း ယာဉ်ကြောကျပ်တည်းပိတ်ဆို့မှုများ မဖြစ်ပေါ်စေရန်နှင့် မော်တော်ယာဉ်မောင်းနှင်သူများယာဉ်စည်းကမ်းလမ်းစည်ကမ်းလိုက်နာစေရေးအတွက် စည်းကမ်းဖောက်သည့်ယာဉ်များအား ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီမှ သတိပေးနှိုးဆော်ထားပါသည်။


ရန်ကုန်မြို့တော်အတွင်း ယာဉ်ကြောပိတ်ဆို့မှုများ မဖြစ်ပေါ်စေရေးနှင့် မော်တော်ယာဉ်မောင်းနှင်သူများ ယာဉ်စည်းကမ်းလိုက်နာစေရေးအတွက် မည်သည့်ယာဉ်မဆို လမ်းဆုံ/ လမ်းခွအတွင်း၊ လမ်းထောင့်/ လမ်းကွေ့အတွင်း၊ အဝိုင်းပတ်အတွင်း၊ ရထားလမ်းပေါ်၊ လမ်းနံဘေးနှင့်ကပ်လျက်ရှိသော ယာဉ်ကြောမှအပ ကျန်ယာဉ်ကြောများအတွင်း၊ ကျောင်း ဆေးရုံးအဝင်အဝ၊ တံတားလမ်းအကျဉ်းအဝင်အဝနှင့်အတွင်း၊ ဘက်စ်ကားမှတ်တိုင်အတွင်း၊ တောင်ကုန်း၊ ရပ်ဆိုင်း(သို့) ရပ်နားထားသောယာဉ်နှင့် ဘေးချင်းယှဉ်သည့်နေရာ၊ မျဉ်းဖြူ နှစ်ကြောင်းရှိသော လမ်းနံဘေး၊ တစ်လမ်းမောင်းအတွင်း၊ တစ်လမ်းမောင်း လမ်းသွယ်အတွင်း လမ်းဝဲဘက်နေရာများ၊ ယာဉ်ထိန်းအချက်ပြမီးတိုင်၊ လမ်းညွှန်ဆိုင်းဘုတ်၊ ခြေကျင်လျှောက်သူများ ဖြတ်ကူးရန်ခွင့်ပြုထားသောနေရာ၊ လူကူးမျဉ်းကျားအနီးနှင့် အနီအဖြူကျား အမှတ်အသားပါရှိသော ကပ်တုံးနှင့် တိုင်နေရာတို့တွင်ရပ်ဆိုင်းခြင်း၊ ရပ်နားခြင်း၊ အဝါအနက်ကျား အမှတ်အသားပါရှိသော ကပ်တုံးနှင့် တိုင်နေရာတို့တွင် ရပ်ဆိုင်းခြင်း၊ ရပ်နားခြင်း တို့ကို ပညာပေးခြင်း၊ မော်တော်ယာဉ် ဥပဒေအရ အရေးယူခြင်းများဆောင်ရွက်လျက်ရှိသည်။


ထိုသို့ ဆောင်ရွက်နေသော်လည်း ယာဉ်မောင်းနှင်သူများအနေဖြင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်း ချိုးဖောက်မှုများရှိနေသည့်အတွက် စည်းကမ်းချိုးဖောက်သည့်ယာဉ်များအား ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းလမ်းစည်းကမ်း ထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီမှ နိုင်ငံပိုင်သတင်းစာများတွင် ထည့်သွင်း သတိပေးနှိုးဆော်ထားပါသည်။

Author