Yangon Water Bus ဗိုလ်တစ်ထောင် ဆိပ်ကမ်းမှ သန်လျှင်အထိ သင်္ဘော၄ စင်း တိုးချဲ့ပြေးဆွဲပေးမည်

0

Full article

ရန်ကုန်မြစ်တွင်းကြောင်း တစ်လျှောက်သယ်ယူပို့ဆောင်ရေးလုပ်ငန်းဖြစ်သည့် Yangon Water Bus ဗိုလ်တစ်ထောင်ဆိပ်ကမ်းမှ သန်လျှင်သို့ သင်္ဘော ၄စင်းဖြင့် ခရီးစဉ်တိုးချဲ့ပြေးဆွဲသွားမည်ဖြစ်ကြောင်း Tint Tint Myanmar ကုမ္ပဏီထံက သိရသည်။

အဆိုပါ Yangon water bus ကို ဗိုလ်တစ်ထောင်ဆိပ်ကမ်းက သန်လျင်အထိ တိုးချဲပြေးဆွဲပေးရန်အတွက် သင်္ဘော ၄ စီးအား စင်္ကာပူနိုင်ငံတွင် တည်ဆောက်ခဲ့ပြီး မကြာခင် ပြေးဆွဲခွင့်ပြုလိုင်စင်ကျပြီးသည်နှင့် ခရီးစဉ်များ တိုးချဲ ပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရသည်။

"ထပ်တိုးမယ့်ခရီးစဉ်က ဗိုလ်တစ်ထောင်နှင့် သန်လျှင် ခရီးစဉ်ကို သင်္ဘော ၄ စီးထပ်ပြီး တိုးချဲ့ပြေးဆွဲသွားဖို့ရှိတယ်။ ဒီသင်္ဘောတွေကို စင်္ကာပူနို်င်ငံ သင်္ဘောကျင်းမှာ တည်ဆောက်ထားတဲ့ သင်္ဘောတွေဖြစ်ပါတယ်။ လုပ်ငန်းလိုင်စင် ကျပြီးတာနဲ့ ပြည်သူတွေအဆင်ပြေအောင် အမြန်ဆုံးပြေးဆွဲပေးသွားမှာပါ။"ဟု Tint Tint Myanmar Group of Companies မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

Yangon Water Bus လှိုင်သာယာ-အင်းစိန်-ဗိုလ်တထောင်ခရီးစဉ်ကို စတင်ပြေးဆွဲရန်လျာထားပြီး ခရီးစဉ်လမ်း ကြောင်းတလျှောက် မှတ်တိုင်များအဖြစ် အင်းစိန်ကြိုးတံတားအနီး၊ ဘုရင့်နောင်တံတား၊ FMI အိမ်ရာ၊ လှိုင်ဘူတာ ရုံလမ်း၊ ကြည့်မြင်တိုင်(ဈေးကြီးတံတား)၊ လသာ (လမ်းသစ်တံတား)၊ ပန်းဆိုးတန်း(နန်းသီတာ)၊ ဗိုလ်တထောင် (တံတားအမှတ် ၄ ) နေရာများကို ပြေးဆွဲပေးနေပြီး Water Bus စီမံကိန်းအတွက် ကုမ္ပဏီမှ အမေရိ ကန်ဒေါ်လာ သန်း ၂ဝ မှ ၃၇ ထိ လျာထားပြီး မြစ်ကြောင်းတစ်လျှောက် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် သင်္ဘော စီးရေ ၇ဝ ခန့်လျာထားကြောင်းသိရသည်။

Business

Author