Yangon Water bus ကို စီးနင်းခ ၅ဝဝ ကျပ် ဇွန်လတွင် ပြေးဆွဲသွားမည်

0

Full article

![](/redline/content/images/2017/05/un-300x212.jpg)

ရန်ကုန်မြစ်ကြောင်း တစ်လျှောက်သယ်ယူပို့ဆောင်ရေးလုပ်ငန်း Yangon Water Bus ကို စီးနင်းခ ခရီးစဉ်စဆုံး ၅ဝဝ ကျပ်ဖြင့် ဇွန်လတွင်စတင်ပြေးဆွဲသွားမည်ဖြစ်ကြောင်း Tint Tint Myanmar Group of Companies ဥက္ကဌဒေါ်တင့်တင့်လွင်မှ ယနေ့ Yangon taxi bus စာနယ်ဇင်းရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။ ကျွန်မတို့အနေနဲ့water taxi bus ကို မြစ်ကြောင်းသုံးခု လှိုင်မြစ် ရန်ကုန်မြစ် ငမိုးရိပ်ချောင်းစ်ကြောင်းတွေအခြေအနေအရ သင်္ဘောပုံစံသုံး မျိုးလောက်ထားပေးထားပါတယ်။ဇွန်လ အတွင်း စတင်ပြေးဆွဲပေးမယ်။ ခရီးစဉ်အစအဆုံးကို ၅ဝဝ ကျပ်သတ်မှတ်ထားပါတယ်။ခရီးစဉ်အတိုလေးတွေအတွက်ကတော့ ၃ဝဝ ကျပ်သတ်မှတ်ထားပါတယ်။လို့ Tint Tint Myanmar ကုမ္ပဏီ က

ဒေါ်တင့်တင့်လွင်ကပြောပါတယ်။ ဇွန်လအတွင်းစတင်မည့် လှိုင်သာယာ ဗိုလ်တစ်ထောင်ခရီးစဉ်လမ်းကြောင်းတွင် မှတ်တိုင် ရှစ်ခုထိရှိမည်ဖြစ်ပြီး သင်္ဘောစီးရေ ၁၆ စင်းဖြင့်စတင်ပြေးဆွဲမည်ဖြစ်ကြောင်းသိရပါတယ်။ Water Taxi Bus ပြေးဆွဲရန်အတွက် သင်္ဘော စီးရေ ၇ဝ ခန့်လျှာထားရာ ညောင်တန်း-မြောက်ဒဂုံ ငမိုးရိပ် လမ်းပိုင်းနှင့် ရန်ကုန်မြစ်ကြောင်း သန်လျှင် လမ်းပိုင်းကို ဆက်လက်ပြေးဆွဲသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ခေတ်သစ်

Author