Yangon Water bus တွင် လုပ်ကိုင်ရန် ကူးတို့လှေလုပ်သားမိသားစုဝင်များကို ဦးစားပေးခေါ်ယူမည်

0

Full article

![width=300](/redline/content/images/2017/05/4t4-300x200.jpg)

ရန်ကုန်မြစ်ကြောင်းတစ်လျှောက်ပြေးဆွဲမည့် Yangon water bus ကို လာမယ့် မေလဒုတိယအပတ်တွင်ပြေးဆွဲရန်စီစဉ်နေပြီး အမြန်ရေယာဉ် ဝန်ထမ်းလုပ်ကိုင်ရန် ကူးတို့လှေလုပ်သားမိသားစုဝင်များကို ဦးစားပေးခေါ်ယူသွားမည်ဖြစ် ကြောင်း Tint Tint Myanmar ကုမ္ပဏီမှ သိရပါတယ်။ အမြန်ရေယာဉ်နှင့် ဆိပ်ခံဗောတံတားများတွင် တာဝန်ထမ်းဆောင်ရန်အတွက် ဝန်ထမ်း ၃ဝဝ ခန့်ခေါ်ယူသွားမည်ဖြစ်တယ်လို့သိရပါတယ်။ ဆိပ်ခံနေရာတွေမှာလုပ်ကိုင်ဖို့ ဝန်ထမ်းတွေခေါ်ယူတာတွေလုပ်သွားမှာပါ။ ဝန်ထမ်းတွေခန့်ပြီးရင် သင် တန်းပေးကာလရှိတယ်။ ရေကူးသင်တန်း၊ အသက်ကယ် သင်တန်းတွေကိုလည်း သင်ပေးသွားမှာပါ လို့ Tint Tint Myanmar ကုမ္ပဏီ မှ ဥက္ကဌ ကပြောပါတယ်။

ယင်းဝန်ထမ်းများကို အခြေခံလစာ ကျပ်တစ်သိန်းနှစ်သောင်းမှ တစ်သိန်းခွဲအထိပေးမည်ဖြစ်ပြီး အလုပ်ချိန်နှစ်ဆိုင်းဖြင့် ဝန်ထမ်းတစ်ဦးလျှင်ရှစ်နာရီလုပ်ဆောင်ရ မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါရေယာဉ်များပြေးဆွဲရာတွင် ခရီးစဉ်အစအဆုံးအတွက် ကျပ် ၅ဝဝ သတ် မှတ်ထားပြီး ခရီးစဉ်တစ်ပိုင်းလျှင် ကျပ် ၃ဝဝ ကောက်ခံသွားမှာဖြစ်ရာ အမြန်ရေယာဉ်ပြေးဆွဲမှုကို အင်းစိန်မှဗိုလ်တထောင်ဆိပ်ကမ်း အမြန်ရေယာဉ်ပြေးဆွဲမှုကို စတင်မည်ဖြစ်ပြီး မြစ်ကြောင်းသုံးခုကို ရေယာဉ် ၂၆ စင်းဖြင့်ပြေးဆွဲသွားမှာဖြစ်တယ်လို့ သိရပါတယ်

ခေတ်သစ်

Photo Credit

Author