Yangon Water Bus မှ ဆိပ်ကမ်း ၁၂ ကို ချဲ့ထွင်ပြေးဆွဲမည်

0

Full article

ရန်ကုန်မြို့တွင် သယ်ယူပို့ဆောင်ရေး လုပ်ငန်းတစ်ခုဖြစ်သော Yangon Water Bus သည် ဆိပ်ကမ်း ၁၂ ကို ထပ်မံတိုးချဲ့ ပြေးဆွဲသွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၆ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ ကြောင်း သိရသည်။

ထပ်မံတိုးချဲ့ပြေးဆွဲမှု ဆိပ်ကမ်းများမှာ မြောက်ဒဂုံဆိပ်ကမ်း (မြောက်ဒဂုံနာရေးကူညီမှုအသင်းအနီး)၊ တောင်ဥက္ကလာဆိပ်ကမ်း (တောင်ဥက္ကလာပဘုရားအနီး)၊ သုဝဏ္ဏဆိပ်ကမ်း (သုဝဏ္ဏဘုရားအနီး)၊ သကေတ (၁) ဆိပ်ကမ်း (မိကျောင်းမွေးမြူးရေးစခန်းအနီး)၊ ပုဇွန်တောင် (၂) ဆိပ်ကမ်း (ကြက်ဘဲဈေး အနီး)၊ သကေတ (၂) ဆိပ်ကမ်း (ရွှေပုဇွန်မုန့်တိုက်အနီး)၊ ဒေါပုံဆိပ်ကမ်း (ဗိုလ်လရောင်လမ်းထပ်အနီး )၊ ညောင်တန်းဆိပ်ကမ်း (ပုဇွန်တော်)၊ Stat City အိမ်ယာအနီး၊ ရှုခင်းသာဟော်တယ်အနီး (ရှုခင်းသာ မြို့ပတ်လမ်းဘေး၊ ဗိုလ်ချုပ်လမ်းထိပ်အနီး (သံလျင်တံတားအနီး)နှင့် သံလဝါ SEZ အနီး တို့ဖြစ်သည်။

လက်ရှိတွင် ဗိုလ်တထောင်၊ ပန်းဆိုးတန်း၊ လမ်းသစ်၊ ကြည့်မြင့်နိုင်၊ လှိုင်၊ ပန်းလှိုင် နှင့် အင်းစိန်တို့တွင် နေ့စဉ်ပိတ်ရက်မရှိ ပြေးဆွဲပေးလျက်ရှိနေကြောင်း သိရသည်။

များမကြာမီတွင်လည်း စင်္ကာပူနိုင်ငံက ထုတ်လုပ်သည့် သင်္ဘော ၄ စီးဖြင့် ခရီးစဉ်ပြေးဆွဲမှုများတွင် အားဖြည့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်းသိရသည်။

Business

Author