ရန်ကုန်တိုင်း ကားတင်သွင်းခွင့်လက်မှတ် Yangon Vehicle Quota Certificate (YVQC) စနစ်ဖြင့် ရန်ကုန် လိုင်စင်ချ ထေားပးရာတွင် ကားအစေီးရ အကန့်အသတ်မရှိ ခွင့်ပြုပေးရန်ရှိကြောင်း ရန်ကုန်လိုင်စင် လုပ်ဆောင်ရာတွင် ပါဝင်နေသည့် တာဝန်ရှိသူတစ်ဦးထံက သိရသည်။
ယခင်က ရန်ကုန်လိုင်စင်တင်သွင်းခွင့်လက်မှတ်ရောင်းချေပးရာတွင် တင်သွင်းထေားသာ ကားအစေီးရ၏ ၁၀ ရာခိုင်နှုန်း ရောင်းချေပးမည်ဟု အကြမ်းမျဉ်းသတ်မှတ်ထားရှိရာမှ သတ်မှတ်သော မော်တော်ယာဉ် အင်ဂျင်ပါဝါ အလိုက်ဈေးနှုန်းဖြင့် ဝယ်ယူမည်ဆိုလျှင် အကန့်အသတ်မရှိ ချထေားပးရန်ရှိကြောင်း သိရသည်။
" အရင်က တစ်နှစ်တင်သွင်းထားတဲ့ကားအစေီးရ ကို အကြမ်းမျဉ်း ၅ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်း လောက်ပေးမယ်လို့ သတ်မှတ်ထားတာ။ လက်မှတ်ဝယ်မယ်ဆိုရင် အရေအတွက်မသတ်မှတ်ဘဲ ခွင့်ပြုပေးဖို့ဆွေေးနွးထားတဲ့ အခြေအနေရှိတယ်။ ဧပြီလထဲမှာ ရန်ကုန်လိုင်စင် ခွင့်ပြုဖို့ လုပ်နေပါတယ်။ "ဟု ရန်ကုန်လိုင်စင် လုပ်ဆောင်ရာတွင် ပါဝင်နေသည့် တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ရန်ကုန်လိုင်စင် (YVQC) စနစ် ခွဲတန်း လက်မှတ်များကို ကားတင်သွင်းရောင်းချသူများအား ရောင်းချေပးရာတွင် မော်တော်ယာဉ်များ၏ အင်ဂျင်ပါဝါ အလိုက် ၁၆၀၀စီစီ အထိကားများကို ကျပ်သိန်း ၃၀ ၊ အင်ဂျင်ပါဝါ ၁၆၀၁ စီစီမှ ၃၀၀၀ စီစီ အထိကားများကို ကျပ်သိန်း ၆၀ ၊ ၃၀၀၁ စီစီ နှင့် အထက်ကားများကို ကျပ်သိန်း ၉၀ အထိ ဈေးနှုန်းသတ်မှတ်၍ ဝယ်ယူရမြှာဖစ်ကြောင်း သိရသည်။
Regulation