ရန်ကုန်တွင် မြေအောက်ရထားလမ်း၊ မြေအောက်ကားလမ်းများဖောက်ရန် အစီအစဉ် ရေးဆွဲထားပြီး မကြာမှီအကောင်အထည် ဖော်မည်

0

Full article

ရန်ကုန်မြို့ နေရာများတွင် ရေရှည်စီမံကိန်းအရမြေအောက်ရထားလမ်း၊ မြေအောက်ကားလမ်းများဖောက်ရန် အစီအစဉ် ရေးဆွဲထားပြီး မကြာမှီအကောင်အထည်ဖော်မည် ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက သိရပါသည်။

ထိုကဲ့သို့ မြေအောက်ရထားလမ်း ၊ မြေအောက်ဥမင်လှိုင်ခေါင်းများ ဖောက်လုပ်ရာတွင် အာရှနိုင်ငံ မြို့ကြီးများတွင် အသုံးပြုဖောက်လုပ်ထားသော လမ်းများအတိုင်း ဖောက်လုပ်ရန် အစီအစဉ် ရေးဆွဲထားပြီး ဖြစ်ကြောင်းသိရသည်။

" ရန်ကုန်မြို့မှာမိုးပျံလမ်းဆောက်လို့တော့မရဘူး။ မြေအောက်ရထားလမ်းတွေနဲ့ သွားရမှာတွေ ရှိတယ်။ နောက်ပိုင်းကျရင် ရန်ကုန်မြို့အောက်မှာ မြေအောက်ရထားလမ်းတွေသွားဖို့ဆိုတဲ့ အစီအစဉ်တွေချထားပြီသားပါ။ လူဦးရေ က တစ်နှစ်ထက်တစ်နှစ်များလာတော့ ရေရှည် စီမံကိန်းတွေဆွဲထားရတယ်။
ကားလမ်း တွေအနေနဲ့ကတော့ ဥမင်လိုဏ်ခေါင်းအရှည်ကြီးတွေကို ဖောက်ဖို့ရှိတယ်။"ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန အုကီးတန်းအရာရှိကြီး တစ်ဦးက ပြောကြားသည်။

ရန်ကုန်လူဦးရေ တိုးပွားလာခြင်းနှင့်အတူ စီးပွားရေးမြို့တော်ကဲ့သို့ ဖွံ့ဖြိုးတိုးတက်စေရန် ရေရှည်စီမံကိန်းများကို အစိုးရသစ်အနေဖြင့် စီစဉ်ထားမူများရှိနေပြီး မြေအာက်လမ်းများဖောက်လုပ်ရာတွင် မြစ်ဖြတ်ကားလမ်းဖောက်လုပ်မည့်နေရာ၊ မြေအောက်ရထားလမ်းဖောက်လုပ်မည့်နေရာ၊ မြေပေါ်မီးရထားလမ်းနှင့် မြေအောက်ကွန်ရက်များ ချိတ်ဆက်မည့်နေရာများ တည်ဆောက်ရာတွင် အဆောက်အဦးများ လွတ်ကင်းနိုင်သော နေရာများအားရှောင်ကွင်းဆောက်လုပ်နိုင်ရန် အင်ဂျင်နီယာနည်းပညာရှင်များကို အသုံးပြု၍ ဒီဇိုင်းရေးဆွဲထားရှိပြီး ဖြစ်ကြောင်းသိရသည်။

ရထားလမ်းပိုင်းများကို မြေအောက်ရထားလမ်း (Subway) များဖောက်လုပ်ရန်နှင့် ကားလမ်းပိုင်းများအတွက် ြမေအောက် ဥမင်လိုဏ်ခေါင်း (Long Tunnel) ဖောက်လုပ်ဆက်သွယ်သွားရန် မြို့အနေအထားများကို ကျွမ်းကျင်နည်း ပညာရှင်များဖြင့် ဒီဇိုင်းများ အသေးစိတ် ရေးဆွဲထားရှိကြောင်းသိရသည်။

P-01

Author