ရန်ကုန်မြို့တွင်းရှိယာဉ်အချက်ပြမီးပွိုင့် ၁၅ဝ ကျော်တွင် CCTV ကင်မရာအလုံး ၇၉၆လုံး လမ်းမကြီးတစ်လျှောက် ကြည့်ရှုနိုင်မည့် ဒရုန်းယာဉ် အစီး ၂ဝ ကျော်တို့ဖြင့်တပ်ဆင်၍ အသုံးပြုမည်ဖြစ်ရာ ဖြစ်စဉ်များကို Control Center မှထိန်းချုပ်နိုင်ရန်လုပ်ဆောင်နေပြီဖြစ်သည်။
ရန်ကုန်မြို့ရဲ့ ယာဉ်သွားလာမှုတွေနဲ့ စည်းလမ်းဖောက်ဖျက်တာတွေကို CCTV ကင်မရာအလုံးပေါင်း ၇ဝဝ နဲ့ ဒရုန်းယာဉ်တွေကိုပါ အသုံးပြု စောင့်ကြည့်သွားမှာဖြစ်ပါတယ်။ ယာဉ်ကြောရှုပ်ထွေးတဲ့ နေရာတွေနဲ့ လူစည်းကားတဲ့ နေရာတွေမှာတပ်ဆင်သွားမှာပါဟု ယာဉ်ထိန်းရဲတပ်ဖွဲ့မှုးရုံးတာဝန်ရှိသူတစ်ဦးကပြောသည်။ထိုစနစ်များကို တပ်ဆင်အသုံးပြုရန် အမြန်ဆုံးလုပ်ဆောင်သွားမည်ဖြစ်ရာ စည်းကမ်းဖောက်ဖျက်သောယာဉ်များကိုလည်း မှတ်သားဖမ်းဆီးအရေးယူမှု ထိရောက်စွာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။
ခေတ်သစ်