အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ (ရန်ကုန်) မှ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များအားလုံးအတွက် ဒုတိယအကြိမ် မော်တော်ဆိုင်ကယ် ၆၅ စီး လွှဲပြောင်းပေးအပ်

0

Full article

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ၊ ရန်ကုန်တိုင်းဒေသကြီးယာဉ်ထိန်းတပ်ဖွဲ့ဝင်များအနေဖြင့် ယာဉ်လမ်း ရှင်းလင်းရေးလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရန်အတွက် ရှေ့ပြေးမော်တော်ဆိုင်ကယ် ၁၅ စီးနှင့် လုပ်ငန်းသုံးမော်တော်ဆိုင်ကယ် အစီး ၅၀ လွှဲပြောင်းပေးအပ်ပွဲကို ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၁၉ ရက်နေ့တွင် ဒဂုံမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ လွှတ်တော်ရုံးအရှေ့တွင် ကျင်းပခဲ့သည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှ Bajaj Adventure Cruise (220 CC ၊ 2019 Model) လုပ်ငန်းသုံးမော်တော်ဆိုင်ကယ် အစီး ၅၀၊ DF650J-3 (650 CC ၊ 2019 model) ရှေ့ပြေးဆိုင်ကယ် ၁၅ စီး၊ စုစုပေါင်း ၆၅ စီးအား အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး သိန်းဦးအား လွှဲပြောင်းပေးအပ်ခဲ့သည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ (ရန်ကုန်) မှ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များအားလုံးအတွက် မော်တော်ဆိုင်ကယ် ၆၅ စီးကို တစ်ပါတည်းလွှဲပြောင်းပေးအပ်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ ယာဉ်ကြောရှင်းလင်းရန်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ချိုးဖောက်သူများကို ဖမ်းဆီးအရေးယူနိုင်ရန်အတွက် ယာဉ်စည်းကမ်းကြီးကြပ်ထိန်းသိမ်းရေး ရန်ပုံငွေဖြင့်၊ ယာဉ်ထိန်းရဲသုံး မော်တော်ဆိုင်ကယ်အစီး ၂၀၀ ကို တင်ဒါခေါ်ဝယ်ယူခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ဆိုင်ကယ်အစီးရေ ၁၀၀ ကျော်ကို ပေးအပ်ခဲ့ကာ ယခုအကြိမ်သည် ဒုတိယအကြိမ်ဖြစ်ကြောင်း သိရသည်။

Author