ရန်ကုန်မြို့တွင်း ယာဉ်သွားလာမှူအခြေအနေစောင့်ကြည့်မည့် Control Center စနစ် မေလ အတွင်းစတင်အသုံးပြုမည်

0

Full article

![width=300](/redline/content/images/2017/04/traffic-300x176.jpg)

ရန်ကုန် မြို့တွင်း ယာဉ်သွားလာမှူ အခြေအနေများကို စောင့်ကြည့်နေမည့် Control Center မှ တစ်ဆင့် ထိန်းချုပ် စောင့်ကြည့်သည့် အစီအစဉ်ကို မေလတွင်စတင်သွားမည်ဖြစ်ရာ စည်းကမ်းဖောက်ဖျက်သည့်ယာဉ်များကိုလည်း အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်းရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ပို့ဆောင်ရေး အာဏာပိုင်အဖွဲမှသိရပါတယ်။ ရန်ကုန်မြို့မှာရှိတဲ့ ကားသွားလာမှူတွေကို စောင့်ကြည့်တဲ့စနစ်ဖြစ်တဲ့ Control Center စနစ်ကိုမေလမှာ စတင်သွားမှာပါ။ စည်းကမ်းဖောက်ဖျက်တဲ့ ကားတွေကိုလည်း ထိထိရောက်ရောက်အရေးယူသွားမှာဖြစ်ပါတယ်။ လို့ အများပြည်သူသယ်ပို့ဆောင်ရေး အာဏာပိုင်အဖွဲဝင်တစ်ဦးက ပြောပါတယ်။ ထို Control Center စနစ်မှနေ၍ ရန်ကုန်မြို့တွင်း သွားလာနေသည့်လိုင်စင်မဲ့ယာဉ်များကိုလည်း စောင့်ကြည့်ဖမ်းဆီးသွားမည်ဖြစ်တယ်လို့သိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် Control Center ကို ပြည်သူ့ရင်ပြင် ရှိ နက္ခတ်တာရာပြခန်း အနီးတွင် တည်ဆောက်ထားရှိရာ ထိန်းချုပ်စင်တာမှ တစ်ဆင့် စောင့်ကြည့်၍ ဖမ်းဆီး အရေးယူသွားမည်ဖြစ်ကြောင်း သိရပါတယ်။

ခေတ်သစ်

Photo Credit

Author