ရန်ကုန်တိုင်းအတွင်း တက္ကစီများကို အထူးစီမံချက် ဖြင့် စစ်ဆေးမည်

0

Full article

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်စည်းကမ်းဖောက်ဖျက်မှုအများဆုံးဖြစ်နေသော တက္ကစီများကို ရန်ကုန်ရဲတပ်ဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီး ကြီးကြပ်ကွက်ကဲမှုအာဏာပိုင်အဖွဲ့တို့ ပူးပေါင်းပြီး တက္ကစီ အထူးစီမံချက် စစ်ဆေးမှုများကို ဖေဖော်ဝါရီမှစ၍ ပြုလုပ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့ ကနေ သိရသည်။

ရန်ကုန်တိုင်းအတွင်း တရားဥပဒေစိုးမိုးရေးနှင့် ရဲတပ်ဖွဲ့၏ လုပ်ငန်းစီမံချက်များကို နယ်လုံဝန်ကြီး ၊ ရန်ကုန်တိုင်း
တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ဝင်းနိုင်တို့က တိုင်းလွှတ်တော်ဥက္ကဌ ၊ဒုဥက္ကဌ တို့နှင့်အတူ တိုင်းလွှတ်တော်ကိုယ်စားလှယ် များကို လွှတ်တော်တွင် လုပ်ဆောင်ရန် အတည်ပြု ဆွေးနွေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

"တက္ကစီတွေနဲ့ ဆက်စပ်တဲ့မှုခင်းတွေ အဖြစ် များလာတယ်။ တက္ကစီတွေအနေနဲ့က လက်ရှိဖြစ်ပေါ်နေတာက ဒုစရိုက်မှု တွေ တက္ကစီနဲ့ကျုးကျော်တာတွေများနေတယ်။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းမှာလဲ ယာဉ်ကြောကြပ်တည်းမှု မှာလည်း တက္ကစီတွေက ဖောက်ဖျက်တာများနေတယ်။ ရန်ကုန်တိုင်းရဲတပ်ဖွဲအနေနဲ့က ရန်ကုန်တိုင်းဒေသကြီး ကြီးကြပ်မှုအာဏပိုင်အဖွဲ့နဲ့ လိုအပ်တာတွေပူးပေါင်းပြီးတော့ အထူးစီမံချက်နဲ့ စစ်ဆေးတာတွေလုပ်မယ်။" ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲမှူးရုံးက တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထိုကဲ့သို့ အဌားယာဉ်တက္ကစီကားများ စစ်ဆေးရာတွင် လူစည်းကားရာနေရာများနှင့် အဝေးပြေး ကားဝန်းနေရာများ၊ လေဆိပ်များ ၊ ညဘက်တွင် မောင်းနှင်သော ကားများကို ခရီးသည်နှင့် ယာဉ်မောင်းသူတို့အကြား ဒုစရိုက်မှူတွေ မဖြစ်စေရန် စောင့်ကြည့် စစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် တရားဥပဒေစိုးမိုးရေးနှင့်ပတ်သက်ပြီး လုယက်မှု ၊ မုဒိန်းမှုများက အရင်ကထက်များ လာကြောင်း ၊ ပြစ်မူကြီးများ များလာသည့်အတွက် စီမံချက်ချပြီး လျော့နည်းအောင် လုပ်ဆောင်နေသည့်အခါတွင် အောက်ခြေရဲများ၏ အားနည်းချက်ရှိနေသေးကြောင်း အစည်းအဝေးတွင် ပြောကြားသွားခဲ့သည်။
R-01

Author