ရန်ကုန်တွင် ပြေးဆွဲနေသော တက္ကစီများ စတေကာ အမည်း တပ်ဆင်၍ မမောင်းရန် သတိပေးမည်

0

Full article

FDA ဝန်ထမ်း အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရခဲ့ခြင်းနှင့် ပက်သက်ပြီး တက္ကစီကားမောင်းသူကို ခရီးသည်များက အလွယ်တကူကြည့်နိုင်ရန်နှင့် ဒုစရိုက်မှုများ မဖြစ်ပွားစေရန် ရန်ကုန်တိုင်းတွင် မောင်းနှင်နေသော တက္ကစီများကို စတေကာအမည်း တပ်ဆင်ခြင်း မပြုလုပ်ဖို့ သတိပေးသွားမည်ဖြစ်ကြောင်း အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှူ အာဏာပိုင်အဖွဲ့ကသိရပါသည်။

ရန်ကုန်တွင် မောင်းနေသော တက္ကစီကားများကိုလည်း လုယက်မှု၊ ရာဇဝတ်မှုနှင့် အခြားဆက်စပ်သော အမှုအခင်းများ မဖြစ်ပေါ်ရန် မြို့နယ်နှင့် ခရိုင်ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် စည်ပင်ရဲတပ်ဖွဲ့ အပါအဝင် ရန်ကုန်တိုင်း ဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့တို့ ပူးပေါင်း၍ စီမံချက်နှင့်စစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

"ရန်ကုန်မှာမောင်းတဲ့ တက္ကစီတွေကို စတေကာ မကပ်ဖို့အတွက် သတိပေးတာတွေလုပ်သွားမယ်။ တက္ကစီကားတွေများလာတာကိုလည်း စစ်ဆေးမှုတွေလုပ်သွားမယ်။ တက္ကစီစီးတဲ့သူတွေ လုံခြုံမှုရှိဖို့အတွက် လုပ်ရမယ်။"ဟု အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု အာဏာပိုင်အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဒဂုံမြို့နယ်၊ ဦးဝိစာရရပ်ကွက်တွင် နေထိုင်သည့် နေပြည်တော်ရှိ အစားအသောက်နှင့် ဆေးဝါးဦးစီးဌာန(FDA) တွင် ဒုတိယကြီးကြပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသည့် အသက် ၂၅ နှစ်ခန့်အရွယ် မရွှေရည်ဝင်း(ခ)ရွှေရည် အား ဇန်နဝါရီ ၁၉ ရက်က အငှားယာဉ်မောင်းအသက် ၂၇ နှစ်ခန့်အရွယ် ကိုမျိုးဇော်ဦးက အဓမ္မပြုကျင့် သတ်ဖြတ်ခံရသည့် ဖြစ်စဉ်နှင့်ပတ်သက်၍ တက္ကစီများကို စီမံချက်ဖြင့်စစ်ဆေးခြင်း အပါအဝင် ကားမှန်ပေါ်မှာ မမြင်နိုင်သည့် စတေကာ အမည်း ကပ်ပြီး မောင်းနှင်ခြင်းမပြုရန် လုပ်ဆောင်သွားခြင်း ဖြစ်သည်ဟု သိရသည်။
L-01

Author