ရန်ကုန် တက္ကစီကားများအတွက် သဘာဝဓါတ်ငွေ့ ကုဗပ ၈ သန်း နီးပါးအထိ နေ့စဉ် ရောင်းချပေးနေ

0

Full article

ရန်ကုန်မြို့တွင် မောင်းနှင်နေသည့် တက္ကစီကားများအတွက် နေ့စဉ် သဘာဝဓတ်ငွေ့ ကုဗပ စီအမ်ဂျီ ၈ သန်း နီးပါး အထိရောင်းချပေးလျှက်ရှိပြီး စီအမ်ဂျီ ထုတ်ပေးမှုပမာဏတွင် တက္ကစီကားများအတွက် ထုတ်ပေးရသော ပမာဏမှာ အများဆုံးဖြစ်နေကြောင်း မော်တော်ယာဉ်သုံးသဘာဝဓတ်ငွေ့ရောင်းချနေသည့် စီအမ်ဂျီ ဌာနခွဲကနေ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် မော်တော်ယာဉ်များအတွက် စီအမ်ဂျီ ရောင်းချနေသည့် အရောင်းဆိုင်းပေါင်း ၄၁ ဆိုင်ရှိရာ တက္ကစီ ကားများအတွက် စီအမ်ဂျီ ထည့်သွင်းနိုင်ရန် ဆိုင်ပေါ်င်း ၁ဝ ဆိုင်အထိ ထားရှိပေးထားကြောင်းသိရသည်။

"ရန်ကုန်မှာရှိတဲ့ တက္ကစီတွေကို သဘာဝဓတ်ငွေ့ စီအမ်ဂျီ ရောင်းပေးနေတဲ့ ပမာဏာက ၈ သန်းနီးပါးအထိရှိပါတယ်။ တက္ကစီတွေကို စီအမ်ဂျီ သီးသန့် ထည့်လို့ရဖို့အတွက် စီအမ်ဂျီထည့်နိုင်ဖို့ ၁ဝ ဆိုင်ထားရှိပေးထားပါတယ်။ တက္ကစီ တွေကိုတော့ စီအမ်ဂျီ ထည့်တာကို အရေအတွက်ဘယ်လောက်ပဲ စီအမ်ဂျီ ထည့်ရမယ်ဆိုပြီး ကန့်သတ်ထားတာမရှိပါဘူး။ "ဟု မော်တော်ယာဉ်သုံးသဘာဝဓတ်ငွေ့ရောင်းချနေသည့် စီအမ်ဂျီ ဌာနခွဲထံကနေ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် AA,BB,CC အစရှိသည့် ရာသက်ပန် တက္ကစီများနှင့် ရာသက်ပန် မဟုတ်သည့် အက္ခရာ အဌားယာဉ်တက္ကစီ အစီးရေ ၆သောင်း၈ထောင် ကျော်ရှိပြီး သဘာဝဓတ်ငွေ့ စီအမ်ဂျီ အသုံးပြုနေသည့် ကားအစီးရေ ၁သောင်း၆ထောင် ကျော်ရှိနေကြောင်းသိရသည်။
E-01

Author