ရန်ကုန်တွင် ပြေးဆွဲနေသော နယ်အက္ခရာ တက္ကစီ များလည်း စိစစ်ရန် ဆွေးနွေးနေ

0

Full article

Photo Credit

ရန်ကုန်တိုင်းဒေသကြီးတွင် ပြေးဆွဲနေသော တက္ကစီများကို စီစစ်မည်ဖြစ်ရာ နယ်အက္ခရာ တက္ကစီ များလည်း စိစစ်ရန် ဆွေးနွေးနေသည့် အထဲတွင် ပါဝင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ထံမှ သိရပါသည်။

"ဘယ်အချိန်လုပ်မယ်ဆိုတာကို ပြောလို့မရဘူး။ ရန်ကုန်ယာဉ်ကြောကြပ်တာကို ဖြေရှင်းရမယ့်အထဲမှာ နယ်ကဝင်ပြီး ပြေးဆွဲနေတဲ့ တက္ကစီ လည်းပါပါတယ်။ ဒါကလည်း အချိန်ယူပြီး ဆွေးနွေးရ မှာပါ"ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ရာသက်ပန် အဌားယာဉ် တက္ကစီ များဖြစ်သည့်AA , BB ,CC , ကားများသည် ကားအစီးရေ ၃ဝ,ဝဝဝ နှင့် ရာသက်ပန်မဟုတ်သည့် တက္ကစီများဖြစ်သော နံပတ်အနက်မှ နံပတ် အနီပြောင်းထားသည့် Taxi ကားအစီးရေ ၃ဝ,ဝဝဝ စုစုပေါင်း ၆ဝ,ဝဝဝ ရှိရာ ယင်းတို့အနက် အခြားပြည်နယ်များနှင့် တိုင်းဒေသကြီးများမှ နယ်လိုင်စင်ဖြင့် ဝင်ရောက်ပြေးဆွဲ့နေသောTaxi အစီးရေ ၃ဝ,ဝဝဝ ရှိပြီး နယ်အက္ခရာ တက္ကစီများလည်း ပြေးဆွဲနေကြောင်းသိရသည်။

ခေတ်သစ်

Author