ရန်ကုန်မိုးပျံလမ်းစီမံကိန်းအား ၂ဝ၁၉ခုနှစ်တွင်စတင် တည်ဆောက်မည်

0

Full article

ရန်ကုန်မိုးပျံအမြန်လမ်းစီမံကိန်း(YEX) Phase-I တည်ဆောက်အကောင်ထည်ဖော်မှု အား ဆန်ခါတင် အရည်အသွေးပြည့်မီသည့် ကုမ္ပဏီ(၁ဝ)ခုအနက်မှ တည်ဆောက်ရေးလုပ်ငန်းများကို ၂ဝ၁၉ခုနှစ်တွင်စတင်သွားမည်ဖြစ်ကြောင်းဆောက်လုပ်ရေးဝန်ကြီးဌာနကသိရသည်။

ရန်ကုန်မိုးပျံအမြန်လမ်းစီမံကိန်း (YEX) Project Phase 1 အတွက် စိတ်ဝင်စားသော ရင်းနှီးမြှုပ်နှံသူများထံမှ ဆန်ခါတင်အရည်အသွေး ပြည့်မီမှုလျှောက်လွှာ (၁၂)စောင် လက်ခံရရှိထားခဲ့ရာ တင်ပြလာသော ကုမ္ပဏီ(၁၂)ခု အနက်မှ ဆန်ခါတင် အရည်အသွေးပြည့်မီသည့် ကုမ္ပဏီ(၁ဝ)ခု အမည်စာရင်းအား ဒီဇင်ဘာ ၅ ရက်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနကထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"အခုလောလောဆယ် အရည်အသွေးပြည့်မီသည့် ကုမ္ပဏီ(၁ဝ)ခုကိုရွေးချယ်ထားပြီးပါပြီ။အဲ့ရွေးချယ်ထားတဲ့ဆယ်ခုကပြန်ပြိုင်ရမယ်။ဆယ်ခုထဲတစ်ခုထဲကိုပဲရွေးချယ်မယ်ပြီးတာနဲ့၂ဝ၁၉ မှာ စပြီးဆောက်သွားမယ်။မိုးပျံလမ်းကိုအပိုင်းနှစ်ပိုင်းခွဲပြီးတည်ဆောက်သွားမယ်။ အခုအပိုင်းတစ်ကိုအရင်တည်ဆောက်ဖို့စိတ်ဝင်စားတဲ့ကုမ္ပဏီတွေကိုခေါ်နေတာပါ။"လို့ဆောက်လုပ်ရေးဝနြ့်ကီးဌာနအင်ဂျင်နီယာမှုးကြီး(အမြန်လမ်းတည်ဆောက်ရေး)မှဦးကြည်ဇော်မြင့် ကပြောကြားပါသည်။

ရန်ကုန်မြို့တွင်း၊ ရန်ကုန်ဆိပ်ကမ်း ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ၊ မင်္ဂလာဒုံစက်မှုဇုန် နှင့် ရန်ကုန်- မန္တလေး အမြန်လမ်းမကြီးကို ပိုမိုလွယ်ကူစွာ သွားလာနိုင်ရန် အတွက် စုစုပေါင်း လမ်းအရှည် ၄၇ ဒသမ ၅ ကီလိုမီတာ ရှိသည့် ရန်ကုန်မိုးပျံအမြန်လမ်းမကြီးကို အကျိုးတူ ပူးပေါင်းသည့် စနစ်ဖြင့် တည်ဆောက်သွားရန်ရည်ရွယ်ထားပြီး အပိုင်းလိုက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အစီအစဉ်လည်းဖြစ်ကြောင်း သိရသည်။

၂၇ ကီလိုမီတာ ရှည်လျားသည့် ရန်ကုန်မိုးပျံ အမြန်လမ်း အပိုင်း ( ၁ )အတွက်နိုင်ငံတော်မှ တင်ဒါခေါ်ယူနေခြင်းဖြစ်သည်။

ရန်ကုန်မိုးပျံလမ်းမကြီးအားတည်ဆောက်ရန်စီမံကိန်းဒီဇိုင်းရေးဆွဲခြင်း၊ engineering ပိုင်းဆိုင်ရာကဏ္ဍ၊ ငွေကြေးဆိုင်ရာ ဘဏ္ဍာရေးကဏ္ဍ၊ စီမံကိန်းတည်ဆောက်ခြင်း၊ စီမံကိန်းလည်ပတ်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းဆိုင်ရာကဏ္ဍများအတွက် စီမံကိန်းကို PPP concession agreement အရ စိတ်ဝင်စားသောပြည်တွင်း၊ ပြည်ပမှရင်းနှီးမြှုပ်နှံလိုသူများအနေဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ရှာဖွေလျက်ရှိရာ PPP ရင်းနှီးမြှုပ်နှံသူရွေးချယ်မှုကို International competitive tender မှတစ်ဆင့် ယခုနှစ်ကုန်ပိုင်းတွင် စတင်သွားမည်ဖြစ်ပြီး World Bank အဖွဲ့ဝင် International Finance Corporation(IFC)၏ အကူအညီဖြင့် ရွေးချယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Public Transportation

Author