Full article

ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ ရန်ကုန်လိုင်စင်ဖြင့် တင်သွင်းရသည့် ကားပါကင်ထောက်ခံချက် ၃လကြာပိတ်ထားခဲ့ခြင်းကြောင့် ကားအရောင်းမှားမှာ သိသာစွာ ကျင်ဆင်းလျက်ရှိနေပါသည်။

ရန်ကုန်လိုင်စင်ကားဝယ်ယူမှုကိုသာ အဓိကထားပြုလုပ်နေရသော ကားအရောင်းပြခန်းများမှာ ပါကင်ထောက်ခံချက် မူဝါဒပြန်လည်ခွင်းမပြုပေးသဖြင့် နယ်ဝယ်လက်များကိုသာ အားထားရောင်းချနေရပြီး ရန်ကုန် ဝယ်လက်မှာ ဈေးကွက်ကျဆင်းနေပါသည်။

ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့မှာလည်း ဇွန်လ ၁၅ရက်နေ့တွင် ပါကင်ထောက်ခံချက်မလိုသောကားများ တင်သွင်းပေးရာတွင် လုပ်ငန်းသုံးကားအမျိုးစားကြီးများသာပါဝင်ခဲ့ပြီး ယာဉ်ကြောကြပ်တည်းမှုကိစ္စအားထိခိုက်နိုင်သော အင်ဂျင်ပါဝါနိမ့်ကားလေးများနှင့် လူစီးကားများကို ခွင့်မပြုသေးကြောင်းသိရသည်။

ရန်ကုန်ပါကင်ထောက်ခံချက်ကို ပြီးခဲ့တဲ့ ၁၅ရက်နေ့မှာ ပြန်ချပေးမယ်လို့ထင်ခဲ့တာ။ ခွင့်ပြုပေးတော့လည်း ရန်ကုန်မှာသုံးလို့မရတဲ့ လုပ်ငန်းသုံးကားတွေကိုပဲခွင့်ပြုပေးခဲ့တာပါ။ ရန်ကုန်လိုင်စင်မရလို့ ကားအရောင်းပြခန်းတွေလည်း နယ်ဝယ်လက်ကိုပဲ အားထားပြီးရောင်းရတယ်။ အစိုးရအဖွဲ့အနေနဲ့ ပါကင်ထောက်ခံချက်ကို တစ်ခုခုဆုံးဖြတ်ဖို့လိုပါတယ်။' ဟု ကားအရောင်းပြခန်းပိုင်ရှင်အများစုမှ ဆိုသည်။

ကားအရောင်းပြခန်းများ လုပ်ကိုင်ခွင့်ပြုရာတွင် အခွန်အခများစွာပေးသွင်းရပြီး ကားအရောင်းအဝယ်နည်းပါးလာပါက ရေရှည်ရပ်တည်ခွင့်ရနိုင်ရန် မလွယ်ကူကြောင်းသိရသည်။
ခေတ်သစ်






Author