ရန်ကုန်မြို့ ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပွားနေသည့် အဝိုင်းပတ်စနစ်များကို ဖျက်သိမ်းရန် တင်ပြထား

0

Full article

ရန်ကုန်မြို့ ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပွားပြီး ယာဉ်ထိန်းရဲထားရှိရန် မလွယ်ကူသည့် အဝိုင်းပတ်စနစ်ကို ဖျက်သိမ်းသွားရန်တင်ပြထားရှိကြောင်းသိရသည်။ အဝိုင်းပတ်စနစ်သည် ယာဉ်ထိန်းရဲမရှိပါက ဦးသူစနစ်ဖြင့် တိုးဝှေ့မောင်းနှင်နေပြီး ယာဉ်အန္တရာယ်များဖြစ်ပွားနိုင်သည့်အတွက် ယင်းစနစ်ကို ဖျက်သိမ်းရန် ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံတင်ပြထားရှိကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးထံမှသိရသည်။

ကုန်းကျော်တံတားများမှ မောင်းနှင်လာသည့် ကားများနှင့် အဝိုင်းပတ်စနစ်သို့ ဝင်ရောက်လာသည့်ကားများကို ဦးစားပေးမောင်းနှင်ရမည်ကို သိရှိမှုလည်း နည်းပါးသလို အဝိုင်းပတ်ယာဉ်များကြောင့် ယာဉ်ပိတ်ဆို့ကြပ်တည်းမှုဖြစ်ပွားသဖြင့် ထိုသို့လုပ်ဆောင်ရခြင်းဖြစ်ကြောင်းသိရသည်။

ရန်ကုန်မြို့ ယာဉ်ကြောကြပ်တည်းပိတ်ဆို့မှုအခြေအနေများကို သုံးသပ်၍ ယာဉ်စည်းကမ်း ဖောက်ဖျက်သည့် ကားများကိုလည်း ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။
ခေတ်သစ်

Author