ယာဉ်သွားလာမှု ထိန်းချုပ်သော control center စနစ် သတ်မှတ်ချိန်အတွင်း မပြီးစီး၍ ကုမ္ပဏီ မှ ဒဏ်ကြေးငွေ ကျပ် ၂၁ သန်း ရရှိခဲ

0

Full article

ရန်ကုန်မြို့ ယာဉ်သွားလာမှုထိန်းချူပ်သော traffic control center မှာ သတ်မှတ်ချိန်အတွင်း ပြီးစီးမှုမရှိသဖြင့် ကုမ္ပဏီထံမှ ဒဏ်ကြေးငွေ ကျပ် ၂၁ သန်းအထိရရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်၏ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် အစီရင်ခံစာတွင် ဖော်ပြထားကြောင်း သိရသည်။အစီရင်ခံစာတွင် ၂ဝ၁၅-၂ဝ၁၆ ခုနှစ် ဘဏ္ဍာနှစ် ရန်ကုန်မြို့တော်တွင် ယာဉ်ကြောပိတ်ဆို့မှု ရှင်းလင်းရန် ခေတ်မီ မီးအချက်ပြစနစ် တပ်ဆင်ခြင်းနှင့် ထိန်းချုပ်ရေးစင်တာ တည်ဆောက်ခြင်း လုပ်ငန်းအတွက် တင်ဒါအောင်မြင်သည့် ကုမ္ပဏီ Myanmar Shwe Ying International Co.,Ltd & China Railway 21st Bureau Group Co.,Ltd (China) နှင့် တန်ဖိုးကျပ် ၁၈ ဒသမ ၉၃၈ ဘီလျံဖြင့် စာချုပ်ချုပ်ဆို ဆောင်ရွက်ခဲ့ရာ သတ်မှတ်ချိန်အတွင်း လုပ်ငန်းပြီးစီးမှု မရှိသဖြင့် ဒဏ်ကြေးကျပ် ၂၁ သန်း ရရှိထားပြီး ဖြစ်သော်လည်း လက်ရှိတွင် ဒဏ်ကြေးဆက်လက် ပေးဆောင်ထားမှု မရှိကြောင်းနှင့် လုပ်ငန်းပြီးစီးမှု မရှိသေးကြောင်း သိရသည်။

"ဒဏ်ကြေးထက် လုပ်ငန်းပြီးဖို့ကိုပဲ လိုချင်တာပါ။ ဒီဟာကြီး အပြီးသတ်သွားမယ်ဆိုရင် ယာဉ်ကြော ကျပ်တည်းတာတွေ၊ ရာဇဝတ်မှု ကိစ္စတွေကို စောင့်ကြည့်နိုင်မှာ ဖြစ်ပါတယ်။ ပြီးဖို့ကိုလည်း ဆက်လက်ညှိနှိုင်း ဆောင်ရွက်နေပါတယ်"ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက သြဂုတ် ၂၄ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဒုတိယတစ်နှစ်တာ ဆောင်ရွက်ချက်များ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားထားရှိသည်။

ရန်ကုန်မြို့အတွင်း စည်းကမ်း ဖောက်ယာဉ်များကို အလိုအလျောက်စောင့်ကြည့်မှတ်တမ်းတင် အရေး ယူမည့် ခေတ်မှီမီးပွိုင့်များအဖြစ် သို့ ပြောင်းလဲတပ်ဆင်ရန် သမ္မတ ဟောင်းဦးသိန်းစိန်က သမ္မတအသုံး စရိတ်ထဲမှ ကျပ်ဘီလီယံ ၂ဝ ချထား ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း မော်တော်ယာဉ် သွားလာမှုများကို ထိန်းချုပ်စောင့်ကြည့်သော control center စနစ်အား ယခုလ စက်တင်ဘာလ ၁ဝ ရက်တွင် လုပ်ငန်းများပြန်လည်စတင်လုပ်ဆောင်နေရာ နိုဝင်ဘာလ အတွင်း ပြီးစီးအောင်လုပ်ဆောင်ရန် သတ်မှတ်ထားရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းအတွင်း ယာဉ်သွားလာမှုများကို ဗဟိုထိန်းချုပ်ရေး  control centre လုပ်ဆောင်ရန် တရုတ်နိုင်ငံ ၏ အကြီးဆုံး CRCC ကုမ္ပဏီ နှင့် မြန်မာရွေယင်း ကုမ္ပဏီတို့မှ ယခင်အစိုးရအဖွဲ့နှင့် စာချုပ်ချုပ်ဆိုထားရှိပြီး ရန်ကုန် မီးပွိုင့် ဗဟိုထိန်းချုပ်ရေးစနစ် (DICTCS) အကောင်အထည်ဖော်မှုကို စီမံကိန်းကာလ သတ်မှတ်ချက်အရ ၂ဝ၁၆ ဩဂုတ်လတွင် ပြီးစီးရမည်ဟုသတ်မှတ်ထားရှိပြီးဖြစ်ကြောင်း သိရသည်။

Law Enforcement

Author