ရန်ကုန်တိုင်းအတွင်း လမ်းတံတား ဖြတ်သန်းခနှင့် တိုးဂိတ် တံတားဖြတ်သန်းခများကို ဧပြီ ၁ ရက်ကစပြီ ကင်းလွတ် ခွင့်ပြုမည်

0

Full article

ရန်ကုန်တိုင်းအတွင်း လမ်းတံတားဖြက်သန်းခများနှင့် တိုးဂိတ်တံတားဖြက်သန်းခများကို ဧပြီ ၁ ရက်မှ စတင်ပြီး ကင်းလွတ်ခွင့်ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဦးမြင့်သောင်း မတ် ၂၁ ရက်က လွှတ်တော်အစည်းအဝေးတွင် ပြောဆိုခဲ့ပါသည်။

လမ်းအသုံးပြုခ ကောက်ခံရန် တင်ဒါအောင်မြင်ထားသည့်ကုမ္ပဏီများမှ တန်ပိုမောင်းနှင်သည့်ယာဉ်များကို ဒဏ် ကြေးဖြင့် တင်ဆောင်မောင်းနှင်ခွင့်ပြုနေသည့်အတွက် တံတားခံနိုင်ရည်အား ကျဆင်းသလို ထိခိုက်နစ်နာမှုလည်း ရှိသည်။

သို့ဖြစ်၍ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ ပြည်ထောင်စု ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် အကြိမ်ကြိမ်ဆွေး နွေးခဲ့ရာ ပြီးခဲ့သည့် ဧပြီ ၁ ရက်မှစ၍ ရန်ကုန်တိုင်းအတွင်းရှိ တံတားများအပေါ်တွင် တန်ပိုယာဉ်ဖြတ် သန်း မောင်းနှင်ခြင်း ခွင့်မပြုတော့ဘဲ တံတားဖြတ်သန်းခ ကောက်ခံခြင်းလည်း မပြုလုပ်တော့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ တစ်နှစ်တာလုပ်ဆောင်ချက်များနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးမှ ပြောကြားခဲ့မှုရှိခဲ့သည်။

" ဧပြီ ၁ ရက်စပြီးတော့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရဲ့ တိုင်းဒေသကြီးစည်ပင် သာယာရေးအဖွဲ့ လက်ရှိကောက်ခံလျက်ရှိတဲ့ ရန်ကုန်တိုင်း ဒေသကြီးအတွင်းမှာ ရှိတဲ့ မော်တော်ယာဉ် လမ်းတံတား ဖြက်သန်းခဖြစ်တဲ့ တိုးဂိတ်များမှာရှိတဲ့ တံတားဖြတ်သန်းခများကိုလည်း ကင်းလွတ်ခွင့်ပြုသွားမှာ ဖြစ်ပါတယ် ။ ၂ဝ၁၇ ခုနှစ် ရန်ကုန်တိုင်း ဒေသကြီးရဲ့ အခွန်အခဥပဒေနှုန်းထားများကို လည်းပယ်ဖျက်မှာ ဖြစ်ပါတယ် " ဟု ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဦးမြင့်သောင်း မတ် ၂၁ ရက်က လွှတ်တော်အစည်းအဝေးတွင် ပြောဆိုခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း တံတားဖြတ်သန်းခကောက်ခံမည့် တံတား ၉စင်းမှာစုစုပေါင်းမှာ တစ်နှစ်လျှင် ကောက်ခံရရှိငွေ ကျပ်သိန်း ၅ ဒသမ ၆ ဘီလီယံကျော်ရရှိပြီး မြန်မာနိုင်ငံအတွင်း တံတားဖြတ်သန်းခ ကောက်ခံလျှက် ရှိသော ပေ ၁၈ဝ အထက် တံတားကြီး ၄၉၃ စင်းရှိကြောင်း သိရသည်။

အဆိုပါ တံတား ၉ စင်းမှာ ရန်ကုန်တိုင်းအတွင်းရှိ သံလျင်တံတား အမှတ်(၁) ၊ သံလျင်တံတား အမှတ်(၂) ကုက္ကိုတံတား ၊ ဘုရင်နောင်တံတား အမှတ်(၁) ၊ ဘုရင်နောင်တံတား အမှတ်(၂) ၊ အောင်ဇေယျတံတား ၊ ရွှေပြည်သာတံတား ၊ ပန်းလှိုင်တံတား နှင့် တွံတေးတံတားတို့ကို မတ်လ (၁)ရက်နေ့မှစတင်ပြီး တံတားဖြတ်သန်းခကိုကောက်ခံခြင်းမပြုတော့ကြောင်း သိရသည်။

Regulation
Breaking News

Author