Full article

မြန်မာ့မီးရထား၊ ရန်ကုန်ဘူတာကြီး ကားပါကင် ယာဉ် ဝင်/ထွက်ခ ကောက်ခံခြင်းလုပ်ငန်း ဆောင်ရွက်ရန်အတွက် အိတ်ဖွင့်တင်ဒါ ခေါ်ယူလျက်ရှိကြောင်း 'မြန်မာ့မီးရထား'မှ သတင်းရရှိသည်။1-Yangon-16th-9634-railway

အိတ်ဖွင့်တင်ဒါ တစ်စုံလျှင် ငွေကျပ် တစ်သောင်းနှုန်းဖြင့် ၂ဝ၁၄ ခုနှစ်၊ ဧပြီ ၂၂ ရက်မှ ၃ဝ ရက်အတွင်း ရုံးချိန်အတိုင်း ရန်ကုန်ဘူတာကြီး(ပထမထပ်)၊ တိုင်းအမှတ်(၇) မန်နေဂျာရုံးခန်းတွင် ဝယ်ယူနိုင်ကြောင်း၊ တင်ဒါအောင်မြင်သည့် စာရင်းကို ဧပြီ ၃ဝ ရက်တွင် ထုတ်ပြန်ကြေညာပေးမည် ဖြစ်ကြောင်း သိရသည်။ လုပ်ငန်းဆောင်ရွက်မှု တင်ဒါ အောင်မြင်ပါက ရန်ကုန်ဘူတာကြီး ကားပါကင် ယာဉ်ဝင်/ထွက်ခ လုပ်ငန်းကို ၂ဝ၁၄ ခုနှစ်၊ ဇွန် ၁ ရက်မှ ၂ဝ၁၅ ခုနှစ်၊ မေ ၃၁ ရက်အထိ တစ်နှစ် လုပ်ကိုင်နိုင်မည် ဖြစ်ကြောင်း သိရသည်။

Ref: Automobile

Author