ရန်ကုန်တိုင်း အပ်နှံယာဉ်များအတွက် ရန်ကုန်ပါမစ်သာ ထုတ်ပေးရန်လုပ်မည်

0

Full article

ရန်ကုန်တိုင်းဒေသကြီး အပ်နှံယာဉ်များအတွက် ရန်ကုန်ပါမစ်သာ ထုတ်ပေးရန် စီစဉ်နေ ကြောင်း လျှပ်စစ် ၊ စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ဒီဇင်ဘာ ၁၃ ရက်တွင် ပြုလုပ်သော ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွတ်တော်အစည်းအဝေးမှာ ပြောကြားခဲ့သည်။

နယ်အရည်ကြိုကားများအား ရန်ကုန်လိပ်စာဖြင့် စလစ်ထုတ်ပေးနေပါသောကြောင့် မလိုအပ်ဘဲ နယ်ကားများ ရန်ကုန်သို့ တရားမဝင် ဝင်ရောက်နေသည့် ကိစ္စအား စီစစ် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ / မရှိကို သိရှိလိုပါကြောင်း မင်္ဂလာတောင်ညွှန့်မြို့နယ် ၊ မဲဆန္ဒနယ် အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်၏ မေးမြန်မှုအပေါ် ယခု လို ဖြေကြားခဲ့ခြင်းဖြစ်သည်။

" ပြည်တွင်းထုတ်ယာဉ်များနဲ့ ပတ်သက်၍ သီးခြားကန့်သတ်ညှိနှိုင်းရန်လည်း ကျွန်မတို့ အနေနဲ့ ပြည်ထောင်စုဝန်ကြီးဌာနနဲ့ ညှိနှိုင်းလျက်ရှိပါတယ်။ ဒါကြောင့်မိုလို့ ယခုလက် ရှိမှာတော့ ယာဉ်အိုယာဉ်ဟောင်း အပ်နှံပြီး အစားထိုးတင်သွင်းတဲ့ ယာဉ်များအတွက် ရန်ကုန်တိုင်းမှ အပ်နှံတဲ့ယာဉ်တွေကိုသာ ရန်ကုန်တိုင်း ပါမစ်ထုတ်ပေးရန်အတွက် ကျွန်မတို့အနေနဲ့ စတင်ပြီး စီစဉ်ဆောင်ရွက်လျက်နေပါတယ် "ဟု ဝန်ကြီး ဒေါ်နီလာ ကျော်က ပြန်လည်ပြောဆိုခဲ့သည်။

ယာဉ်အိုယာဉ်ဟောင်းအပ်နှံ ဖျက်သိမ်း၍ စလစ်ကပ် အစားထိုးယာဉ် တင်သွင်းခြင်းအား
လာမယ့် ၂ဝ၁၉ ခုနှစ်တွင် ဖျက်သိမ်းသွားမှာ ဖြစ်သည်။

Author