ယခုနှစ်အကုန်တွင် ရန်ကုန်စည်ပင်နယ်နမိတ်ရှိ မီးပွိုင့်အဟောင်းများကို ပြန်လည်ဖြုတ်သိမ်းသွားမည်

0

Full article

ရန်ကုန်မြို့တွင်း ယာဉ်အချက်ပြ မီးပွိုင့်အဟောင်းများကို ယခုနှစ်အကုန်တွင် ပြန်လည်ဖြုတ်သိမ်း သွားမှာ ဖြစ်တယ်လို့ ရန်ကုန်တိုင်းယာဉ်ထိန်းရဲတပ်ဖွဲ့မှသိရသည်။ လက်ရှိတွင် ယာဉ်အချက်ပြမီးပွိုင့်အဟောင်းများနှင့် အသစ်များ ရောထွေးနေရာ ကားမောင်းသူများ အချက်ပြမီး ကြည့်ရှုရာတွင် အဆင်မပြေမှူများ ဖြစ်ပေါ်နေသည်။ "မီးပွိုင့်အသစ်တွေနဲ့ အဟောင်းတွေ တွဲသုံးတာက လက်ရှိအသုံးပြုနေတဲ့ မီးပွိုင့်စနစ်သစ်ကို သေချာအသုံးပြုမရသေးလို့ဖြစ်ပါတယ်။ယခု နှစ်အကုန်လောက်မှာ မီးပွိုင့် အဟောင်းတွေကို ပြန်ဖြုတ်သွားမှာဖြစ်ပါတယ်။"ဟု ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ယာဉ်အချက်ပြ မီးပွိုင့် ၁၅၄ ခုရှိနေပီး မကြာခင် စတင်အသုံးပြုတော့မယ့် Control centre စနစ်အတွက် မီးပွိုင့် အသစ်များတပ်ဆင်အသုံးပြုလုပ် ဆောင်နေသော်လည်း စိတ်မချရသေးသည့်အနေအထားဖြစ်နေ၍ ယခင်အသုံးပြုနေတဲ့ မီးပွိင့်အဟောင်းများ ကိုပါ တွဲဖက်အသုံးပြုလုပ်ဆောင်နေရတာ ဖြစ်ကြောင်း သိရပါသည်။ ယာဉ်အချက်ပြ မီးပွိုင့်အသစ် များတွင် ယာဉ်စည်းကမ်းဖောက်ဖျက်သော ကားများကို အရေးယူနိုင်ရန် အဆင့်မြင့် ကင်မရာ များတပ်ဆင်ထားပီး Control centre ကတေတစ်ဆင့် စောင့်ကြည့်မှူများ လုပ်ဆောင်နေတယ်လို့ သိရပါသည်။ ခေတ်သစ်

Author