သင်္ကြန်ကာလအတွင်း ရန်ကုန် -နေပြည်တော်-မန္တလေး အထူးရထားပြေးဆွဲပေးမည်

0

Full article

Photo Credit-Oscar Photography

သင်္ကြန်ကာလအတွင်း နေရပ်ပြန်ခရီးသည်များနှင့် နေပြည်တော်တာဝန်ကျဝန်ထမ်းများ အဆင်ပြေစေရန် ရန်ကုန် – နေပြည်တော်- မန္တလေး အထူးရထားပြေးဆွဲ ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

အဆိုပါ ရန်ကုန်-နေပြည်တော် ခရီးစဉ်ကို အစိုးရရုံးပိတ်ရက် သင်္ကြန်ရက်မတိုင်ခင်ကတည်းက စပြီး ပြေးဆွဲပေးမှာဖြစ်ရာ နေပြည်တော်တာဝန်ကျဝန်ထမ်းများ အိမ်အပြန် အဆင်ပြေစေရန်အတွက် ပြေးဆွဲပေးခြင်းဖြစ် ကြောင်းသိရ သည်။

"ရန်ကုန်၊ မန္တလေးနဲ့နေပြည်တော်တို့ကို အထူးရထား ပြေးဆွဲပေးဖို့စီစဉ်နေတယ်။ သင်္ကြန်ရက်မတိုင်ခင် တစ်ပတ်လောက်ကြိုပြီး ပြေးဆွဲပေးဖို့ ရှိပါတယ်။ ပြေးဆွဲပေးမှာက အရေအတွက်ပေါ်မူတည်ပြီး ရထားအစင်းရေတစ်စီး ထက်များရင်လည်းများမယ်။"ဟု မြန်မာ့မီးရထား အောက်မြန်မာပြည်ဌာနမှ သိရသည်။

အဆိုပါရန်ကုန် – မန္တလေး – ရန်ကုန် – နေပြည်တော် အထူးရထားများ၏ လက်မှတ်ခ များကိုလည်း ပုံမှန်ရထား လက်မှတ်အတိုင်းရောင်းချ ပေးသွားမည်ဖြစ်ရာ သုံးရက်ကြိုတင်ကာ ရထားလက်မှတ်များ ဝယ်ယူရရှိနိုင်မှာ ဖြစ်ကြောင်းနှင့် သကြ်န်ကာလအတွင်း ပုံမှန်ပြေးဆွဲပေးနေသည့် ရန်ကုန် – မန္တလေး ၊ ရန်ကုန် – ပြည် ၊ ရန်ကုန် – နေပြည် တော် ၊ ရန်ကုန် – မော်လမြိုင် ၊ ရန်ကုန် – ဥက္ကံ ရထားများကို ရပ်နားမည်ဖြစ်ကာ သင်္ကြန်ကာလ အစိုးရရုံးများပြန်ဖွင့် ပါက ယခင်ပြေးဆွဲပေးနေသော လမ်းကြောင်းအတိုင်း ရထားများကို ပုံမှန်ပြန်လည်ပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရ သည်။

Regulation

Author