အမြန်လမ်းမပေါ်တွင် အိမ်စီးကားမှလွဲ၍ ကုန်တင်ဆောင်လာသော ၃ တန်အထက် နှင့် ၃ တန် အောက်ကားများ တစ်နာရီ ကီလို ၆ဝ ထက်ပိုမမောင်းရန် သတ်မှတ်ထား

0

Full article

![](/redline/content/images/2017/06/tzh_ygn-mdy_highway5-300x200.jpg)

Photo Credit

အမြန်လမ်းမကြီးပေါ်တွင် ၃ တန်အထက် နှင့် ၃ တန်အောက်ကားများသည် ယာဉ်အန္တရယ်ဖြစ်ပွားမှူ ပိုမိုဖြစ်ပေါ်နိုင်သဖြင့် တစ်နာရီ ကီလို ၆ဝ ထက်ပိုမမောင်းရန် သတ်မှတ်ထားရှိကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ မှသိရသည်။ အမြန်လမ်းမကြီးပေါ်တွင် တင်ဆောင်အား ၃ တန်အထက် ဗင်ကား၊လိုက်ထရပ်ကားနှင့် ကုန်တင်ဝန်ပေါ့ အမျိူးအစားများဖြစ်သည့် ပစ်ကပ်၊ single cab ၊ လိုက်ထရပ် နှင့် တင်ဆောင်အား ၃တန်အောက်ကားများဖြစ်သည့် ဗန်နှင့် လိုက်ထရပ်ကားများကို တစ်နာရီ ကီလို ၆ဝ ထက်ပိုမမောင်းရန် သတ်မှတ်ထားရှိကြောင်း သိရသည်။ ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်တွင် Telematic စနစ် တပ်ဆင်ထားသော ခရီးသည်တင်ယာဉ်များ အနေဖြင့် တစ်နာရီ ၉ဝ ကီလိုထက် မောင်းနှင်းခြင်းမပြုရန်နှင့် ဆလွန်း၊ စတေရှင်ဝက်ဂွန်၊ Double Cab ကားများ တစ်နာရီ ကီလို ၁ဝဝ ထက် ပိုမိုမောင်းနှင်ခြင်းမပြုရန် သတ်မှတ်ထားပါသည်။ အမြန်လမ်းမကြီးတွင် သတ်မှတ်အရှိန်နှူန်းထက်ပိုမိုမောင်းနှင်သည့်ယာဉ်များကို အရှိန်နှုန်းတိုင်း ကိရိယာ၊ အရှိန်နှုန်း တိုင်းတာစက်တွေကို အသုံးပြုပြီး Mobile စနစ်နဲ့ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး တစ်လျှောက်မှာ အသွား၊ အပြန် ခွဲခြားကာ စစ်ဆေးတိုင်းတာ၍ အရေးယူဆောင်ရွက်နေလျှက်ရှိကြောင်း သိရပါသည်။

ခေတ်သစ်

Author