အမြန်လမ်းပေါ် မောင်းနှင်သော ယာဉ်များ ထိုင်ခုံခါးပတ် မပတ်ပါက ဇွန် ၁ ရက်မှစ၍ ထိရာက်စွာ အရေးယူမည်

0

Full article

![](/redline/content/images/2017/05/gg-1-300x190.jpg)

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် မောင်းနှင်သည့်ယာဉ်များမှ အသက်ကယ် ထိုင်ခုံခါးပတ် မပတ်သည့် ယာဉ်မောင်းနှင့် လိုက်ပါသည့် ခရီးသည်များကို ဇွန်လ တစ်ရက်မှ စ၍ ထိရာက်စွာအေရေးယူမည်ဖြစ်တယ်လို့ အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံး ကနေ သိရပါတယ်။ အမြန်လမ်းမကြီးပေါ်တွင် ယာဉ်မတော်တဆမှုများ မကြာခဏဖြစ်ပွားလေ့ရှိပြီး ဖြစ်ပွားမှုတိုင်းတွင် ယာဉ်မောင်းသူ၏ မဆင်မခြင်မောင်းနှင်မှုကြောင့် အများဆုံးဖြစ်ပွားပြီး ထိုင်ခုံခါးပတ် မပတ်သည့်အတွက် သေဆုံးမှု များပြားသည်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။ ယင်းကြောင့် အမြန်လမ်းမကြီးတွင် ဖြတ်သန်းမောင်းနှင်သွားလာနေသော ယာဉ်များမှ ယာဉ်မောင်းနှင့် ခရီးသည်များကို ထိုင်ခုံခါးပတ်ပတ်ရန်အတွက် ပညာပေးများဆောင်ရွက်ခဲ့ပြီး ပညာပေးကာလကျော်လွန်သွားသည့်အတွက် ဇွန်လ တစ်ရက်မှ စ၍ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ "အမြန်လမ်းမှာက မတော်တဆမှုတွေ အခုနောက်ပိုင်း အရမ်းဖြစ်နေတာ တွေ့ရတယ်။ ဥပဒေမှာလည်းပါပြီးသားဖြစ်ပါတယ်။အခုက ပညာပေးကာလက ကျော်သွားပြီ ဖြစ်တဲ့အတွက် စစ်ဆေးပြီး အရေးယူသွားမယ်"ဟု အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံး(နေပြည်တော်) မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် ထိုင်ခုံခါးပတ်မပတ်ပဲ ယာဉ်မောင်းနှင်ခြင်းနှင့် စီးနင်းခြင်းကိုစစ်ဆေးတွေ့ရှိပါက အမြန်ဥပဒေအတိုင်း ဒဏ်ငွေ ကျပ် ငါးသောင်းနှင့် ထောင်ဒဏ်တစ်လ ချမှတ် အရေးယူမည်ဖြစ်ကြောင်းသိရပါသည်။

ခေတ်သစ်

Photo Credit

Author