ရန်ကုန်- မန္တလေးအမြန်လမ်းတွင် အလိုက်အလျောက် ငွေကောက်ခံသည့် ETC စနစ် ဧပြီတွင် စတင်မည်

0

Full article

ရန်ကုန် – မန္တလေး အမြန်လမ်းမကြီးတွင် လမ်းအသုံးပြုခပေးဆောင်ရာတွင် အလိုအလျောက် ငွေကောက်ခံသည့် Electronic Toll Collection (ETC) စနစ်ကို ဧပြီလမှစ၍ စတင်လုပ်ဆောင်သွားမည်ဖြစ်ရာ အသုံးပြုရမည့် ငွေဖြည့် ကဒ်ပြားများကို ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ရောင်းချပေးသွားရန် စီစဉ်ထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောဆိုပါသည်။"တိုးဂိတ်တွေမှာ အလိုအလျောက် ပိုက်ဆံပေးတဲ့ စနစ်တပ်ဖို့ အစီအစဉ် ရှိပါတယ် ၊ ပြီးခဲ့တဲ့ နှစ်က တင်ဒါခေါ် လိုက်တာ ကုမ္ပဏီတွေ အပြိုင်အဆိုင်ဖြစ်လာပြီး နောက်ဆုံးပိတ်မှာ အခကြေးငွေ တစ်ပြားမှ မယူဘဲနဲ့ ကြော်ငြာသဘော မျိုးတပ်ပေးမယ့် ကုမ္ပဏီပေါ်လာပါတယ် ၊ နိုင်ငံတော်က ပိုက်ဆံပေးစရာမလိုဘဲ ဒေါ်လာ တစ်သန်းလောက် အကုန်ခံစရာမလိုတဲ့ အန်ဇက်ဟိုး ကုမ္ပဏီက စက်ကို စမ်းသပ်ကာလ အနေနဲ့ တပ်ထားပါတယ် ၊ စမ်းသပ်ကာလအတွင်းမှာ ထိခိုက်မှုမရှိဘဲ ၊ မောင်းတန်တွေ အလိုအလျောက် ပွင့်တယ်ဆိုရင် မကြာမီ ဧပြီလဆန်း မှာဘဲ ဆောက်လုပ်ရေးဝန်ကြီးဌာနက ကဒ်ပြားတွေ ပြည်သူတွေကို ရောင်းချပေးပြီး ၊ ကဒ်ထဲပိုက်ဆံ သွင်းပြီးတာနဲ့ အလိုအလျောက် မောင်းတံမတဲ့ ETC စနစ် ကို စတင်ကျင့်သုံးသွားမှာဖြစ်ပါတယ် '' ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန မှ ဒုတိယ ဝန်ကြီး ဦးကျော်လင်းက ပြောဆိုပါသည်။

ရန်ကုန် – နေပြည်တော် – မန္တလေး အမြန်လမ်းမကြီး တစ်လျှောက်တွင် မော်တော်ယာဉ်များဖြတ်သန်းအသုံးပြုရာတွင် တိုးဂိတ်များဖြတ်သန်းရာတွင် အလိုအလျှောက်ငွေပေးချေရသည့် စနစ်များကို စမ်းသပ်အသုံးပြုထားရှိပြီးဖြစ်ရာ မကြာ ခင် တိုးဂိတ်အားလုံးတွင် အသုံးပြုသွားမှာ ဖြစ်ကြောင်းသိရသည်။

Regulation

Author