ရန်ကုန်-မန္တလေးကို မြို့ကြီးများအား ကုန်စည်စီးဆင်းမှူလွယ်ကူသက်သာစေရန် ကွန်တိန်နာထောင်ချီ သယ်ဆောင်နိုင်သော ရထားများ ပြေးဆွဲသွားရန်ရှိနေတယ်လို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနကသိရပါတယ်။ ရထားတွဲတွေနဲ့ ကွန်တိန်နာတွေသယ်လာဖို့ကို သက်ဆိုင်တဲ့ဌာနတွေနဲ့ဆွေးနွေးထားပါတယ်။ အဓိကက သယ်ယူပို့ဆောင်ရေး စရိတ်တွေကို လျှော့ချနိုင်ဖို့နဲ့ လောင်စာဆီကုန်တာတွေနည်းသွားအောင်လို့ပါ။ တရုတ်နယ်စပ်ကဝင်တဲ့ ကုန်သေတ္တာတွေကိုတော့ မန္တလေးအထိတော့ ကားနဲ့ပဲသွားရမှာမှာဖြစ်ပါတယ်။ ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေကို ရထားတွဲတွေနဲ့လုပ်ဖို့ရှိပါတယ်။ လို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အရာရှိတစ်ဦးကပြောပါတယ်။ အဆိုပါ မြို့ကြီးများအားနေ့စဉ်သွားလာ နေရသော ကွန်တိန်နာကားများ၏ လောင်စာဆီကုန်ကျမှုကို လျော့ချရန်၊ အချိန်ကုန်မှုကို သက်သာစေရန်အတွက် ယင်းကဲ့ သို့ကွန်တိန်နာတင် ရထားများ ပြေးဆွဲရေးလုပ်ဆောင်ခြင်း ဖြစ်တယ်လို့ သိရပါတယ်။
ခေတ်သစ်
Photo Credit