Full article

ယခုတစ်ပတ်အတွင်း ဂျပန်လေလံများ ယာယီရပ်နားထားသလို **CIF**တန်ဖိုးအသစ်ကိုလည်း စတင်ရေးဆွဲနေပြီ  ဖြစ်သောကြောင့် အမြင့်ကားဝယ်ယူသူများအနေဖြင့် မဝယ်ယူကြသေးဘဲ အခြေအနေတစ်ရပ်ကို စောင့်ကြည့်နေကြသည်။

စလစ်များဈေးများမှာ ဆက်လက်ကျဆင်းလျှက်ရှိပြီး စက်မှုဇုံဂျစ်ကားများ ဝယ်လိုအားကောင်းသော်လည်း အပ် မည့်ကားများများသောကြောင့် ကျပ် ၄၂ သိန်းအထိ ဈေးများကျဆင်းသွားခဲ့သည်။ '၁က' အက္ခရာကားများလည်း အဝယ် နည်းပါးသောကြောင့် ကျပ် ၇၅ သိန်းအထိ ဈေးကျဆင်းသွားခဲ့သည်။စက်မှုဇုံဂျစ်နှင့် '၁က' အက္ခရာကားများ ဈေးကျဆင်းမှု ကြောင့် တက္ကစီစလစ်ကပ်ကားများလည်း ဈေးများကျဆင်းသွားခဲ့ကာ ကျပ် ၇၅ သိန်းဝင်းကျင်သာရှိသည်။

၂ဝ၁၅ ခုနှစ်တွင် ကားဟောင်းအပ်နှံပြီး အစားထိုးယာဉ် ပြန်လည်တင်သွင်းရာတွင် အခွန်ရာခိုင်နှုန်း လျော့ပေါ့ပေး တော့မည်မဟုတ်သဖြင့်ဇုန်ဂျစ်များ၏ဈေးနှုန်းသည်လည်း ကျပ်သိန်းသုံးဆယ်ဝန်းကျင်အထိ ကျဆင်းသွားနိုင်ဖွယ်ရှိကြောင်း ကားတင်သွင်းသူများက သုံးသပ်ထားကြသည်။

စက်မှုဇုန်ဂျစ်ကားပိုင်ရှင်များသည် ယင်းတို့၏ကားများရောင်းချပြီး ၆၆ဝ စီစီ Carry Truckကားလေးများကို အစား ထိုးဝယ်ယူကြသဖြင့် ထိုကားလေးများ အရောင်းအဝယ်ဖြစ်နေသည်။

Carry Truckကားလေးများထဲတွင် Suzukiနှင့် Hijetမှာ အရောင်းအဝယ်အကောင်းဆုံးဖြစ်နေပြီး ၂ဝ၁၄ မိုဒယ် အဲကွန်း၊ ပါဝါဖြစ်ပြီး ကားကောင်းလျှင် Suzukiမှာ ၅၇ သိန်းဝင်းကျင် ပေါက်ဈေးရှိကာ Hijetမှာသိန်းခြောက်ဆယ်ဝန်းကျင် ပေါက်ဈေးရှိနေသည်။

ဇုန်စလစ်ကပ်ကားများဖြစ်သည့် **Crown ၊ Kluger ၊ RAV4 ၊**ရွှေငါး တို့မှာ ဝယ်လိုအားမြင့်မားနေသည့်အတွက် ဂျပန်လေလံဈေးများလည်းမြင့်တက်လျက်ရှိသည်။

စလစ်ကပ်ယာဉ်များပြန်လှုပ်လာတဲ့ မန္တလေးကားဈေးကွက်

ယခုတစ်ပတ် မန္တလေးကားဈေးကွက်အတွင်း စလစ်ကပ်ကားများ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကား ဝယ်/ရောင်းဈေးကွက်မှ သိရသည်။

ထို့ပြင် ထိုင်းနိုင်ငံထုတ် Vigo Hiluxအမျိုးအစားယာဉ်များကို တောင်ကြီး၊ ကလောစသည့် နယ်ဝယ်လက်တို့မှအ ကြိုက်များပြီး ကျပ်သိန်းသုံးရာဝန်းကျင်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

ယခုလက်ရှိတွင် အငှားယာဉ်ပြေးဆွဲရန်အတွက် ဈေးကွက်အတွင်းပရိုဘောက်များအစား အင်ဂျင်ပါဝါ ၁၃ဝဝ စီစီ AD Van များမှာ ကျပ် ၇၅ သိန်းမှ သိန်း ၁ဝဝ ဝန်းကျင်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

လက်ရှိတွင်မန္တလေးကားဈေးကွက်အတွင်း၌ Mini Truck(ခွေးဘီလူး)ကားလေးများ အရောင်းအဝယ်ပုံမှန်ဖြစ် လျက်ရှိပြီး စက်မှုဇုံထုတ် မီနီထရပ်ကားလေးများလည်းအနည်းငယ်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းနှင့် စက်မှုဇုန်ထုတ် လိုက်ထရပ်ကားများမှာကားဈေးနှုန်းနှင့် လုပ်ငန်းလုပ်ကိုင်နေသူများရှိနေသဖြင့်အရောင်းအဝယ်နည်းပါးကြောင်းသိရသည်။

သြဂုတ်လ ၁ ရက်နေ့မှ စတင်အပ်နှံခွင့်ပြုခဲ့သည့် သုံးဘီးယာဉ်များမှာ ကျပ် ၂၈ သိန်းဝင်းကျင်ရှိသော်လည်းယာဉ် အစီးရေနည်းပါးလျက်ရှိသည်။

၂ဝ၁၄ ခုနှစ် စက်တင်ဘာ ၁ ရက်နေ့မှစတင်၍ နှစ် ၂ဝ သက်တမ်းရှိယာဉ်များ အပ်နှံခွင့်ပြုမည်ဆိုသည့်အတွက် စလစ်ကပ်ကားဈေးနှုန်းများ ဆက်လက်ကျဆင်းသွားနိုင်ကြောင်း ကား ဝယ်/ရောင်း ဈေးကွက်အတွင်းမှ ဝယ်/ရောင်းများမှ သုံးသပ်ကြသည်။

**Ref:**Auto Mobile ဂျာနယ်မှထုတ်နုတ်ဖေါ်ပြသည်။ ။

Author