ရန်ကုန်လိုင်စင် YVQC စနစ် ပြည်ထောင်စုအစိုးရ အဖွဲ့သို့ တင်ပြရမည်ဖြစ်၍ ဧပြီ လ ၁ ရက်တွင် မစတင်နိုင်သေး

0

Full article

ရန်ကုန်လိုင်စင် Yangon Vehicle Quota Certificate (YVQC) လက်မှတ်စနစ်မှာ ငွေကြေးဖြင့် ရောင်းချပေးရသော လက်မှတ်စနစ်ဖြစ်သောကြောင့် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြရမည်ဖြစ်ရာ ဧပြီ လ ၁ ရက်တွင် မစတင်နိုင်သေးကြောင်း ရန်ကုန်လိုင်စင် YVQC စနစ် အကြံဉာဏ်ပေးရာတွင် ပါဝင်သူ တာဝန်ရှိသူတစ်ဦးက သိရသည်။

ရန်ကုန်လိုင်စင် YVQC လက်မှတ်စနစ်ဖြင့် ၂ နှစ်ကြာရပ်ဆိုင်းထားသော ရန်ကုန်လိုင်စင်ကို ပြန်လည်ခွင့်ပြုပေးရန် အကြမ်းမျဉ်း ရေးဆွဲထားရှိပြီး အဆိုပါ YVQC လက်မှတ်ရောင်းချရာတွင် ငွေကြေးများနှင့်ရောင်းချသော စနစ်ဖြစ်၍ ပြည်ထောင်စုအစိုးရအဖွဲ့ထံ တင်ပြဆောင်ရွက် အတည်ပြုချက်ရယူရမှာဖြစ်ကြောင်း သိရသည်။

"YVQC ကိုယ်တာစနစ်က ငွေကြေးနဲ့ လက်မှတ်ဝယ်ယူရမယ့် စနစ်ဖြစ်လို့ ဒီအတိုင်းလုပ်လို့မရဘူး။ ပြည်ထောင်စုအစိုးရ အဖွဲ့ကို တင်ပြရမယ်။ သဘောတူတယ်ဆိုမှ ဆက်လုပ်လို့ရမှာ။ ပြီးရင် မော်တော်ယာဉ်တင်သွင်းတဲ့ ကြီးကြပ်ရေးကော်မတီကိုလည်း တင်ပြရမယ်။ ရန်ကုန်လိုင်စင်ကို အမြန်ဆုံးခွင့်ပြုနိုင်ဖို့ လုပ်နေပါတယ်။"ဟု ရန်ကုန်လိုင်စင် YVQC စနစ်အတွက် အကြံဉာဏ်ပေးနေသူ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရန်ကုန်လိုင်စင် YVQC လက်မှတ်စနစ်ကို ရောင်းချပေးရာတွင် မော်တော်ယာဉ်များ၏ အင်ဂျင်ပါဝါ အလိုက် ၁၆ဝဝစီစီ အထိကားများကို ကျပ်သိန်း ၃ဝ ၊ အင်ဂျင်ပါဝါ ၁၆ဝ၁ စီစီမှ ၃ဝဝဝ စီစီ အထိကားများကို ကျပ်သိန်း ၆ဝ ၊ ၃ဝဝ၁ စီစီ နှင့် အထက်ကားများကို ကျပ်သိန်း ၉ဝ အထိ ဈေးနှုန်းသတ်မှတ်ထားကြောင်း သိရသည်။

Regulation

Author