ရန်ကုန်လိုင်စင် ပြန်ပေးသည့်စနစ်လုပ်လျှင် နယ်လိုင်စင်ကားများ ရန်ကုန်တွင်သွားလာမှုအပေါ် အခွန်ကောက်ခံမည်

0

Full article

ရန်ကုန်လိုင်စင် (YVQC) Yangon Vehicle Quota Certificate စနစ်လုပ်လျှင် နယ်လိုင်စင်ကားများ ရန်ကုန်တွင်သွားလာမှုအပေါ် အခွန်ကောက်ခံမည်ဖြစ်ကြောင်း ရန်ကုန်လိုင်စင် ရောင်းချမည့်စနစ်တွင် တာဝန်ယူထားသူတစ်ဦးကပြောကြားသည်။

ရန်ကုန်တွင် သွားလာနေသော နယ်လိုင်စင်ကားများကို မြို့ပြင်နှင်မှာ မဟုတ်ဘဲ အခွန်တစ်ခုကောက်ခံသွားမည်ဖြစ်ပြီး နယ်မှဝင်ရောက်လာသော နယ်လိုင်စင်ကားများကိုလည်း မြို့ဝင်တိုးဂိတ်ကနေ အခွန်ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

" ရန်ကုန်လိုင်စင်ပြန်ပေးဖို့စမယ်ဆိုရင် နယ်လိုင်စင်ကားတွေ ရန်ကုန်မှာမောင်းတဲ့ကားတွေအတွက် စဉ်းစားထားပြီး သားပါ။ နယ်လိုင်စင် ကားက ရန်ကုန်မှာ မောင်းမယ်ဆိုရင် အခွန်တစ်ခုကောက်ဖို့ လုပ်မှာပါ။" ဟု ရန်ကုန်လိုင်စင် ရောင်းချမည့် စနစ်တွင် တာဝန်ယူထားသူ တစ်ဦးကပြောကြားသည်။

နယ်မှဝင်ရောက်လာသော ကားများ စိစစ်မည့် ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နမိတ်ပြင်ပ မြို့နယ်၁၁မြို့နယ် ဖြစ်သော မှော်ဘီ၊တိုက်ကြီး၊ လှည်းကူး၊ သန်လျင်၊ကျောက်တန်း၊ခရမ်း၊သုံးခွ၊ တွံတေး၊ကွမ်းခြံကုန်း၊ ကော့မှူးနှင့် ထန်းတပင်မြို့နယ် တို့တွင် ဆောက်လုပ်မည်ဖြစ်ကြောင်းသိရသည်။
R-01

Author