ရန်ကုန်တိုင်းအတွက် ကားတင်သွင်းခွင့်မှုဝါဒ အစိုးရအဖွဲ့က ပြန်လည်စီစစ်နေ

0

Full article

ရန်ကုန်တိုင်းဒေသကြီးတွင် မော်တော်ယာဉ် တင်သွင်းခွင့်မှုဝါဒကို တိုင်းဒေသကြီးအစိုးရက ပြန်လည်စီစစ်သုံးသပ် ဆောင်ရွက်နေကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဦးမြင့်သောင်းက ဖေဖော်ဝါရီ ၂ဝ ရက်က ကျင်းပသည့် ရန်ကုန် တိုင်းဒေသကြီးလွှတ်တော် ဆဠမအကြိမ်ပုံမှန် အစည်းအဝေးတွင် ပြောကြားခဲ့သည်။လူပုဂ္ဂိုလ်တစ်ဦးချင်းအလိုက် မော်တော်ယာဉ်တင်သွင်းခွင့် free permit ကို ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြန်လည် စီစစ်ခွင့်ပြုရန် အစီအစဉ် ရှိ / မရှိကို သိရှိလိုကြောင်း ဖေဖော်ဝါရီ ၂ဝ ရက်က ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဆဠမအကြိမ်ပုံမှန် အစည်းအဝေးတွင် လသာမြို့နယ် ၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဝင်းဦး၏ မေးမြန်းမှုကို ဝန်ကြီးက အထက်ပါအတိုင်းပြန်လည်ဖြေဆိုခဲ့ပါသည်။

"ရန်ကုန်တိုင်းဒေသကြီးအတွင်း မော်တော်ယာဉ် တင်သွင်းမှုအပေါ်မှာ ထိရောက် ကောင်းမွန်တဲ့ စနစ်တစ်ခုကို ပြောင်းလဲကျင့်သုံးနိုင်ဖို့ ယခင်အစိုးရလက်ထပ်မှာ ဆောင်ရွက်ခဲ့တဲ့ ပုဂ္ဂိုလ် တစ်ဦးခြင်း မော်တော်ယာဉ် လျှောက်ထား မှုများနဲ့ ကုမ္ပဏီများမှ မော်တော်ယာဉ်တင်သွင်းမှု လျှောက်ထားမှုများ နယ်ဝင်လိပ်စာလျှောက်ထားမှုများကို ရန်ကုန် တိုင်းဒေသကြီးအတွင်း ဆိုင်းငံ့ထားခဲ့ပါတယ်။ ကျွန်တော်တို့အစိုးရသစ်လက်ထပ်မှာ ယာဉ်ကြောတွေကြပ်တည်းတာ ကို ဖြေရှင်းနေတာ အားလုံးလည်းသိပါတယ် ။ ရန်ကုန်မြို့တော်အတွင်းမှာ ယာဉ်ကြောတွေ ကြပ်တည်းတဲ့ ပြသာနာ များ ကိုဖြေရှင်းနိုင်ဖို့အတွက် အဓိကကျတဲ့ လမ်းစုံများမှာ ခုံးကျော်တံတားများဆောက်ထားခြင်း ၊ လမ်းများချဲ့တွင်ခြင်း ၊ ကုန်တင်ကားများ ညအချိန်တွေမှာအသုံးပြုစေခြင်း စတဲ့နည်းလမ်းများနဲ့ ဖြေရှင်းဆောင်ရွက်လျက်ရှိသကဲ့သို့ အများ ပြည်သူချောမွေ့မြန်ဆန်ရေးအတွက် မထသ စနစ်ကို ပယ်ဖျက်ပြီးတော့ ဝိုင်အာတီအေ စနစ်နဲ့ပြန်လည် ဖွဲ့စည်းခြင်း ၊ YBS စနစ်စတင်ကျင့်သုံးတဲ့ စနစ်နည်းပေါင်းစုံနဲ့ယာဉ်ကြောကြပ်တည်းမှုပြဿသာနာများကို ဖြေရှင်းဆောင် ရွက်နေပါတယ်" ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဦးမြင့်သောင်းကပြောဆိုခဲ့ပါသည်။

၂ဝ၁၁ခုနှစ် စက်တင်ဘာလစပြီး လက်ရှိကာလအထိ မြန်မာနို်င်ငံ၌ ကားအစီးရေ ၈ ဒသမ ၈သိန်းကျော်ရှိပြီး ရန်ကုန်မြို့ တိုင်းသေဒကြီးအတွင်း မှတ်ပုံတင်ထားသော ကား ၅ သိန်းခန့်ရှိသောကြောင့် ရန်ကုန်မြို့သည် သိသိသာသာ လမ်းပိတ်ဆို့ခြင်းကို နေ့စဉ် ကြုံတွေ့နေရကြောင်းနှင့် အစိုးရမှ ယာဉ်ကြောကြပ်တည်မှုကို ထိထိရောက်ရောက် ဖြေရှင်းပေးနေကြောင်းသိရသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် မော်တော်ယာဉ်အစီးရေ များပြားလာ၍ ထိန်းချူပ်နိုင်ရန်အတွက် ရန်ကုန်လိုင်စင်အား ကားပါကင်ထောက်ခံချက်ဖြင့် ကားတင်သွင်းခွင့်ပြုခြင်းကို ၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစတင်လုပ်ဆောင်ခဲ့ပြီး ကားပါကင်လိပ်စာနှင့် ကားတင်သွင်းသည့် လိပ်စာ မတူညီမှုများဖြစ်နေခြင်းတို့ကြောင့် ၂ဝ၁၆ ဧပြီလ ၁ ရက်နေ့မှစ၍ ရန်ကုန်လိုင်စင်ဖြင့်ကားတင်သွင်းခွင့်ပြုခြင်းကို ရပ်ဆိုင်းထားခဲ့ပြီး ယခု ၂ဝ၁၈ ခုနှစ် ဧပြီလ တွင် ရန်ကုန်လိုင်စင်ကို Yangon Vehicle Quota Certificate YVQC ခွဲတမ်းလတ်မှတ်စနစ် ရောင်းချပြီး ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရပါသည်။

Policy

Author