ရင်းနှီးမြုပ်နှံမှုကုမ္ပဏီများမှ တင်သွင်းထားသော ကားများ ရန်ကုန်လိုင်စင်ပြန်ပေးရန်ရှိ

0

Full article

အထက်ပုဇွန်တောင်လမ်းမကြီးပေါ်ရှိ  Chevrolet ကားအရောင်းပြခန်း

ရင်းနှီးမြုပ်နှံမှုကုမ္ပဏီများမှ တင်သွင်းထားသော လူစီးကားများနှင့် လုပ်ငန်းသုံးကားများကို ရန်ကုန်လိုင်စင်ပြန်လည် ခွင့်ပြု ပေးသွားရန်ဆွေးနွေးထားကြောင်း မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သည့် လုပ်ငန်းများကြီးကြပ်မှု ကော်မတီကနေ သိရသည်။

ထိုကဲ့သို့ ရန်ကုန်တွင် လုပ်ငန်းများလုပ်ဆောင်နေသော ရင်းနှီးမြုပ်နှံမှုကုမ္ပဏီများက တင်သွင်းထားသော ကားများကို ရန်ကုန်လိုင်စင် ပြန်ခွင့်ပြုပေးရန် ဆွေးနွေးထားရှိပြီး ရန်ကုန်တိုင်ဒေသကြီး အစိုးရအဖွဲ့နဲ့ ညှိနှိုင်းမှုများ ပြုလုပ်နေ ကြောင်းသိရသည်။

"ရန်ကုန်မှာ လုပ်ကိုင်နေတဲ့ ရင်းနှီးမြုပ်နှံမှုကုမ္ပဏီတွေက သွင်းထားတဲ့ ကားတွေကို ရန်ကုန်လိုင်စင်ပေးဖို့ ရန်ကုန်တိုင်း အစိုးရအဖွဲ့နဲ့ညှိနှိုင်းနေပါတယ်။ ရင်းနှီးမြုပ်နှံမှုနဲ့ သွင်းထားတဲ့ကားတွေက ဟိုကနေ တစ်ခါတည်း ယူလာပြီး လုပ်ငန်း ထဲမှာ လုပ်နေတဲ့ လူစီးကားတွေလည်းပါသလို လုပ်ငန်းသုံးတွေလည်းပါတယ်။"ဟု မော်တော်ယာဉ် တင်သွင်းခြင်းနှင့်သက်ဆိုင်သည့် လုပ်ငန်းများကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယာဉ်အိုယာဉ်ဟောင်း စလစ်ကပ်တင်သွင်းယာဉ်မှလွဲ၍ ရန်ကုန်လိုင်စင်ဖြင့် ကားတင်သွင်းခြင်းကို ရပ်ဆိုင်းထားခဲ့ သည်မှာ ၂ နှစ်ခန့် ကြာမြင့်နေခဲ့ပြီး ရန်ကုန်လိုင်စင်အား နည်းလမ်းတစ်ခုဖြင့် ပြန်လည်ခွင့်ပြုပေးရန် လိုအပ်နေကြောင်းကားအရောင်းပြခန်းများနှင့်ကားအရောင်းအဝယ်ပြုလုပ်နေသူများက မျှော့်လင့်နေလျှက်ရှိကြသည်။

R-01

Author