ရန်ကုန်လိုင်စင် Yangon Vehicle Quota Certificate (YVQC) စနစ်လုပ်ဆောင်ရာတွင် ကားအစီးရေ ၂သောင်း၅ ထောင်အတွက် အွန်လိုင်းမှတဆင့် ရောင်းချကာ certificate လက်မှတ်ထုတ်ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်လိုင်စင် YVQC စနစ်လုပ်ဆောင်ရာတွင် ပါဝင်သူ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
" ရန်ကုန်လိုင်စင် YVQC စနစ် ဝယ်ယူတာကို အွန်လိုင်းကနေပဲ ရောင်းချပေးသွားဖို့လုပ်နေတယ်။ ငွေကိုလည်း အွန်လိုင်းကပဲသွင်းပြီး ရန်ကုန်လိုင်စင်ရတဲ့ certificate ကို ထုတ်ပေးမှာပါ။ လောလောဆယ် ရန်ကုန်လိုင်စင် အမြန်ဆုံးခွင့်ပြုနိုင်ဖို့ လုပ်နေတယ်။ရောင်းချပေးမယ့်လက်မှတ်က အကြမ်းမျဉ်း ၂,၅ဝဝဝ သတ်မှတ်ထားတာရှိတယ်။" ဟု ရန်ကုန်လိုင်စင် YVQC စနစ်လုပ်ဆောင်ရာတွင် ပါဝင်သူ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ရန်ကုန်လိုင်စင် YVQC စနစ်ကို ဇွန်လအတွင်းခွင့်ပြုပေးနိုင်ရန် လုပ်ဆောင်နေလျှက်ရှိနေပြီး ရန်ကုန်လိုင်စင် လက် မှတ်အားဝယ်ယူရာတွင် မော်တော်ယာဉ် အင်ဂျင်ပါဝါ အလိုက် ၁,၆ဝဝစီစီ အထိကားများကို ကျပ်သိန်း ၃ဝ ၊ အင်ဂျင်ပါဝါ ၁,၆ဝ၁ စီစီမှ ၃,ဝဝဝ စီစီ အထိကားများကို ကျပ်သိန်း ၆ဝ ၊ ၃,ဝဝ၁ စီစီ နှင့် အထက်ကားများကို ကျပ်သိန်း ၉ဝ နှင့် လုပ်ငန်းသုံးပစ်ကပ်များကို ၁ဝ သိန်းကျပ်(လုပ်ငန်းသုံးကားတွင် Double Cab များမပါဝင်ပါ) ပေးဆောင်ရမည်ဖြစ် ကြောင်း သိရသည်။
ထိုရန်ကုန်လိုင်စင်ကို ဝယ်ယူမည်ဆိုလျင် အွန်လိုင်းမှတစ်ဆင့်ဝယ်ယူရမည်ဖြစ်ရာ ငွေပေးသွင်းမှုများလည်း အွန်လိုင်းမှတစ်ဆင့်ပေးသွင်းရမည် ဖြစ်ကြောင်းသိရသည်။
Regulation