ရန်ကုန်လိုင်စင် YVQC စနစ်ခွင့်ပြုပေးရာတွင်နယ်လိုင်စင်ကားများ ရန်ကုန်တိုင်းအတွင်း သွားလာမှု သီးခြားအခွန်နှုန်းထား ကောက်ခံမည်

0

Full article

_ ရန်ကုန်လိုင်စင်_ ကားတင်သွင်းခွင့်လက်မှတ် _ Yangon Vehicle Quota Certificate( YVQC) စနစ်_ လုပ်ဆောင်ရာတွင် နယ်လိုင်စင်ကားများ ရန်ကုန်တိုင်းအတွင်း သွားလာနေမှုများကိုလည်း သီးခြားအခွန်နှုန်းထားကောက်ခံရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကသိရသည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်း မောင်းနှင်နေသည့် နယ်လိုင်စင်အက္ခရာများ မြို့ပြင်နှင်မည်ဟု သတင်းများ ထွက်ပေါ်လာသည်မှာ မဟုတ်မှန်ဘဲ မြို့အဝင်အထွက်တိုးဂိတ်များကနေအခွန်နှုန်ထား သတ်မှတ်၍ ကောက်ခံသွားမည် ဖြစ်တယ်လို့ သိရသည်။

" ရန်ကုန်လိုင်စင်စနစ်ပေးတော့မယ်ဆိုရင်တော့ နယ်လိုင်စင်ကားတွေကို ထိန်းချူပ်စိစစ်မှုတွေလုပ်ဆောင်သွားမယ်ပါ။ မြို့အဝင်အထွက်မှာအခွန်ကောက်ခံတာတွေ လုပ်ဆောင်သွားဖို့လည်းလုပ်နေတယ်။" ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တာဝန်ရှိတစ်ဦးက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးမြို့အဝင်အထွက်များတွင် ဖြတ်သန်းလာသောယာဉ်များစစ်ဆေးနိုင်ရန်တိုးဂိတ် ၁၁ ခုတည်ဆောက်နေရာ သန်လျှင်၊တိုက်ကြီး ၊ မှော်ဘီ၊ လှည်းကူး၊ ကျောက်တန်း၊ ခရမ်း၊သုံးခွ ၊ တွံတေး၊ ကွမ်းခြံကုန်း၊ ကော့မှူးနဲ့ ထန်းတစ်ပင် မြို့နယ် ၁၁ မြို့နယ်တွင် မြို့ဝင်ကြေးတိုးဂိတ် တည်ဆောက်ခြင်းနဲ့ ကောက်ခံခြင်းလုပ်ငန်းများကို B.OT. စနစ်ဖြင့် အကောင်အထည်ဖော်လုပ်ဆောင်နေကြောင်း သိရသည်။

Regulation

Author