အဆိုပါ ကားပြပွဲကို အောက်တိုဘာ ၁၇ မှ ၂ဝ အထိ ဒဂုံမြို့နယ်၊ ဦးဝိဇာရလမ်းရှိ မိုင်ဒါကွင်းတွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ပြည်ပမှ မော်တော်ယာဉ်တင်သွင်းခွင့်ရရှိသူများ၊ မော်တော်ယာဉ် အကျိုးဆောင်ကုမ္ပဏီများနှင့် လုပ်ငန်းများ၊ မော်တော်ယာဉ် ထုတ်လုပ်ရောင်းချသူများ၊ ကားအရောင်းပြခန်းများမှ အိမ်စီးနှင့် လုပ်ငန်းသုံးယာဉ်များ၊ စက်ယန္တယားကြီးများ၊ ကား ဘက်ထရီနှင့် ကားတာယာများ၊ ကားအင်ဂျင်ဝိုင်နှင့် အခြားစက်ဆီ၊ ချောဆီ ရောင်းဝယ်ရေးလုပ်ငန်းများ၊ ကားအလှဆင်ပစ္စည်းများ၊ ကားကက်ဆက်၊ အော်ဒီယိုနှင့် ဆက်စပ်ပစ္စည်းများ၊ ကားအပိုပစ္စည်းများ၊ ကားတာယာကွန်ပေါင်းပန်းတင် လုပ်ငန်းများ အပါအဝင် အခြားဆက်စပ်လုပ်ငန်းများကို ပြခန်းပေါင်း လေးရာကျော်ဖြင့် ဖွင့်လှစ်ပြသရောင်းချမည်ဖြစ်ကြောင်း သိရှိရသည်။
ပြပွဲကာလအတွင်း လာရောက်ကြည့်ရှုရုံဖြင့် လူတစ်ဦးလျှင် ကံစမ်းမဲတစ်စောင်အား အခမဲ့ကံစမ်းခွင့်ရှိမည်ဖြစ်သလို ကားတစ်စီးဝယ်ယူသူ၊ ကားတစ်စီးမှာယူရုံမျှဖြင့် အထူးကံစမ်းမဲ လက်မှတ်တစ်စောင် ရရှိမည်ဖြစ်သည်။ကံစမ်းခွင့်ရရှိသူများအတွက် ပထမဆုအဖြစ် Toyota ကားအသစ် တစ်စီးကို တာဝန်ရှိသူများက မဲနှိုက်ရွေးချယ်ပေးမည်ဖြစ်သလို အခြာဆုမဲများအဖြစ် တီဗွီ၊ ရေခဲသေတ္တာ၊ ဒီဗီဒီ၊ ထမင်းပေါင်းအိုးနှင့် အခြားဆုမဲ တစ်ရာကျော်ကို နေ့စဉ်ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း သိရသည်။
Auto Mobile Journal မှ ကူးယူဖော်ပြသည်။
Photo credit by nox-AM-ruit