ရန်ကုန်မြို့ ရေကြီးရေလျှံ ပြဿနာအတွက် ကမ္ဘာဘဏ် ချေးငွေ ဒေါ်လာ သန်း ၁ဝဝ နှင့်ပြုပြင်ရန် စတင်နေပြီဟု ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းပြော

0

Full article

![](/redline/content/images/2017/07/yangon-flood-300x202.jpeg)

Photo Credit

ရန်ကုန်မြို့ ရေကြီးရေလျှံ ပြသာနာကို ကမ္ဘာဘဏ်ချေးငွေ ဒေါ်လာ သန်း ၁ဝဝ ဖြင့်လုပ်ဆောင်ရန် စတင်နေပြီဟု ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းမှပြောကြားခဲ့ပါတယ်။ နာရီပိုင်းတစ်ချို့ ရေကြီးချိန်မှာပြန်ပြီးအပြင်ကိုဆွဲထုတ်နိုင်မဲ့အခြေအနေရှိပါတယ်။ဒါကိုလဲ ကမ္ဘာ့ဘဏ်ရဲ့ အမေရိကန်ဒေါ်လာ သန်း၁ဝဝအကူအညီနဲ့ ပြုပြင်ဖို့ လေ့လာစမ်းစစ်မှုတွေ လုပ်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ pump နဲ့ ဆွဲ ထုတ် ရမယ့် အခြေအနေ မျိုး ကျွန်တော်တို့မြို့မှာ ရှိနေပါတယ်။ ရေကြီးလာတဲ့ အခြေအနေကျရင် ရေ တံခါးတွေပိတ်ပြီး ဒီနေရာကနေအပြင်ကိုစက်တွေနဲ့ မောင်း ထုတ်မှရနိုင်မယ်။ အလိုလို စီးထွက်သွားနိုင်တဲ့ အခြေအနေမရှိပါဘူး။ နောက်တစ်ချက်ကမြောင်းတွေရဲ့ ရေတွေအားလုံးဟာစီးကျလာတဲ့ ရေတွေကို ဆွဲထုတ်နိုင်တဲ့ အခြေအနေမရှိတဲ့အပြင် အမှိုက်တွေကိုစနစ်တကျစွန့်ပစ်မှု့မရှိမှု အခြေအနေတစ်ခုကလဲ ရှိနေပါတယ်။ဒါကြောင့် မလို့ရေနုတ် မြောင်းတွေကိုပြုပြင်သွားဖို့ကြိုးစားနေပါတယ်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်က ပြောပါတယ်။ ရန်ကုန်မြို့ တွင် မိုးရွာသွန်းမှူ ဖြစ်ပေါ်ရာတွင် ရေနှတ်မြောင်းများ မရှိခြင်း စည်းကမ်းမဲ့ အမှိူက်များ ပစ်ချနေခြင်းတို့ကြောင်း လမ်းပေါ်ရေကြီးမှူများ ဖြစ်ပေါ်နေရာ ရေလျှံမှူများလာပါက နောက်ဆက်တွဲ လမ်းပိတ်ဆို့မှူများပါ ဖြစ်ပေါ်နေတယ်လို့ သိရပါသည်။ ရန်ကုန်မြို့တွင် တိုးပွားလာနေသောလူဦးရေကိုလျှော့ချနိုင်ရန် ကြည့်မြင်နိုင်တစ်ဖက်ကမ်း ရန်ကုန်မြို့သစ်စီမံ ကိန်းသည် လာမည့် ပွင့်လင်းရာသီ မြေပြင်တွင်စတင်အကောင်အထည်ဖော်နိုင်မည့် အခြေအနေ တွင် ရှိနေပြီ ဖြစ်ကြောင်းဝန်ကြီးချုပ် ပြောကြားခဲ့သည်။

Author