Full article

၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်၏ လမ်းတံတားဘတ်ဂျက် ကျပ်ဘီလျံ ၁၁ဝ ကျော်မှ ထုတ်နှုတ်၍ ရန်ကုန်မြို့၏ရေကြီးရေလျှံမှုကို ကာကွယ်ရန်မြစ်ထွက်ပေါက်များ၏ ရေထိန်းတံခါးများပြုပြင်ပေးခြင်း၊ အသစ်တပ်ဆင်ခြင်းနှင့်မြို့တစ်မြို့လုံး၏ ရေနုတ်မြောင်းဖော်ခြင်းများအား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

နှစ်စဉ်နှစ်တိုင်း မိုးရာသီတွင်ယခင်က ရန်ကုန်မြို့အတွင်းမြို့နယ်ခြောက်မြို့နယ်၌ နေရာအနှံ့အပြား ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ပြီး ယခု အခါဆင်ခြေဖုန်းမြို့နယ်များတွင်ပါ ရေကြီးရေလျှံမှုများဖြစ်ပွားလာခဲ့သည်။ ရေကြီးရေလျှံမှုနှင့်ပတ်သက်၍ ယခုနှစ်တွင်လမ်းတံတား ဘတ်ဂျက် ၁၁ဝ ဒသမ ၁၃၈ ဘီလျံ မှ ထုတ်နှုတ် သုံးစွဲမည်ဖြစ်ကာ ရန်ကုန်တစ်မြို့လုံး၏ ရေနုတ်မြောင်းများချဲ့ထွင်ခြင်း၊ ရေမြောင်းပေါင်းမြှင့်တင်ခြင်း၊ မြစ်ထွက်ပေါက်များ၏ရေထိန်းတံခါးများတပ်ဆင်ခြင်းများကို မြို့တွင်း၊ ြမြို့နယ်များ၌ ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။

"လက်ရှိမှာတော့မြို့တွင်းပိုင်းကို အဓိက ထားပြီးလုပ်နေတယ် ၊အဓိကကတော့Underground ကိုပြင်ထားပါ၊ ရေနုတ်မြောင်းလည်းဖော်နေတယ် ရေကြီးရေလျှံတာကအရင်နှစ်တွေလောက် မဖြစ်တော့ပါဘူး၊ လက်ရှိကမြို့တွင်းခြောက်မြို့နယ်မှာဆောင် ရွက်နေတယ် စည်ပင်သာယာနယ်နိမိတ် အတွင်းမှာရှိတဲ့မြို့နယ်တိုင်းမှာ ဆောင်ရွက်သွားမှာပါ" ဟု(လမ်း၊တံတား) မှ ဒုတိယဋ္ဌာနမှူး ကပြောသည်။

ရန်ကုန်မြို့တွင် ယခင်ထက်လူနေထူထပ်ခြင်းနှင့်မြစ်ကြမ်းပြင်မြင့်တက်လာခြင်းများကြောင့် ရေကြီးရေလျှံ့မှုများပိုမိုဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း ကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (လမ်း၊တံတား) တွင်တာဝန်ထမ်းဆောင်ခဲ့ဖူးသော ဒုတိယဌာနမှူး(ငြိမ်း) က "ရန်ကုန်မြို့ရဲ့ ဒီဇိုင်းကလူဦးရေခြောက်သောင်းစာ အတွက်ပဲဆောင်ရွက်ခဲ့တာပါ၊ ယခုရန်ကုန်မှာနေထိုင်တဲ့လူဦးရေငါးသန်းကျော်လာပြီ၊ အရင်ကတွက်ချက်မှုနဲ့ဆိုရင် အများကြီးကွာဟနေတယ်၊ လူဦးရေထူထပ်လာတယ်၊ ရာသီဥတုကလည်းပူလာတယ၊် မြစ်ကြမ်းပြင်ကလည်းမြင့်တက်လာပြီ၊ အဲဒါကြောင့် ရေကြီးရေလျှံကာကွယ်ဖို့ဆိုရင်နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ရေလုံစနစ်တွေနဲ့ ဆောင်ရွက်ရမယ်။ ဒါ့ပြင် မြစ်ကြမ်းပြင်မြင့်တက်လာတာကိုလည်း နုန်းတူးဖော်ခြင်းနဲ့ဆောင်ရွက်မှအဆင်ပြေမယ်" ဟု ၄င်း၏အမြင်ကို ပြောသည်။

ရန်ကုန်မြို့တွင်မြစ်ထွက်ပေါက် တစ်ရာကျော်ရှိပြီး အဆိုပါမြစ်ထွက်ပေါက်များမှာ လူဦးရေခြောက်သောင်းအသုံးပြုသော ရေပမာဏကိုစွန့်ထုတ်ရန်သာ ရည်ရွယ်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး မြစ်ကြမ်းပြင်မြင့်တက်မှုမှာလည်း တဖြည်းဖြည်းမြင့်တက်လာသည့်အတွက် ရေကြီးရေလျှံမှုများဖြစ်ပွားလာခြင်းဖြစ်ကြောင်း၊ ယင်းအတွက်ပြီးခဲ့သည့် ၂ဝ၁၃-၂ဝ၁၄ နှင့်၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်များတွင် ရေကြီးရေလျှံပြုပြင်ကာကွယ်မှုလုပ်ငန်းများအတွက်ငွေကျပ် ၁၂ ဒသမ ၁၃၁ ဘီလျံသုံးစွဲကာ ဆောင်ရွက်ခဲ့ကြောင်း၊ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ် အတွက်ကိုမှု ဘတ်ဂျက ်၁၁ဝ ဒသမ ၁၃၈ ဘီလျံမှ ထုတ်နှုတ်သုံးစွဲဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

သဥ္စာ၊ သူဇာ

August 7,2015 ထုတ် Automobile ဂျာနယ်မှ ကူးယူဖော်ပြသည်.။

Author