ရန်ကုန် မိုးပျံလမ်းစီမံကိန်း ပုဇွန်တောင်မြို့နယ်မှ အမှတ် ၃ လမ်းဆုံအထိ ဆောက်လုပ်မည်

0

Full article

ရန်ကုန်မြို့တွင် အရှည် ၂ဝ ဒသမ ၅ ကီလိုမီတာကို စတင်တည်ဆောက်မည့် Elevated Expressway (မိုးပျံလမ်း) စီမံကိန်းကို ပုဇွန်တောင်မြို့နယ်မှ အမှတ် ၃ လမ်းဆုံအထိ ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မိုးပျံလမ်းစီမံကိန်းအတွက် ဒီဇိုင်းပိုင်းနှင့် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းလုပ်ဆောင်မည့် လုပ်ငန်းများ အကောင်အထည် ဖော်ရေးအတွက် အကြံပေးလုပ်ငန်းများ ဆောင်ရွက်ရန် သဘောတူညီချက်ကို ဇန်နဝါရီ ၁၁ ရက်နေ့တွင် ဆောက်လုပ် ရေးဝန်ကြီးဌာနနှင့် သဘောတူလက်မှတ်ရေးထိုးခဲ့သည်ဟု IFC ၏ကြေညာချက်တွင် ဖော်ပြထားသည်။

ဖြတ်သန်းခကောက်မည့် လေးလမ်းသွားလမ်းကို တည်ဆောက်မည့် စီမံကိန်းအတွက် ဦးဆောင်အကြံပေးမည်သူ အဖြစ် ဝန်ကြီးဌာနက IFC ကို ခန့်အပ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

"စီမံကိန်းသာ အောင်အောင်မြင်မြင်နဲ့ တင်ဒါခေါ် အကောင်အထည်ဖော်ရင် ရန်ကုန်အတွက် စီစဉ်ထားတဲ့ မြို့တွင်းမြို့ ပြင်ကို ပတ်နေတဲ့ လမ်းတွေရဲ့ အခြားအစိတ်အပိုင်းတွေကို အကောင်အထည်ဖော်ဖို့အတွက် နမူနာယူရမယ့် ပုံစံတစ်ခု အဖြစ် အသုံးပြုပါတယ်။ မြောက်ဥက္ကလာဘက်ကို ဖြတ်သန်းသွားမှာဖြစ်ပြီး မြောက်ဥက္ကလာ တံတားကို တော့ ရှောင်ပြီးသွားဖို့ လျှာထားတယ်။" ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊ စီမံကိန်းဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကြည် ဇော်မြင့်က ပြောကြားသည်။

ရန်ကုန် မိုးပျံလမ်းကို ပုဇွန်တောင်မြို့နယ်၊ မဟာဗန္ဓုလတံတားအနီးတွင် စတင်ဆောက်လုပ်၍ သင်္ယန်းကျွန်းမြို့နယ် ဝေဇယန္တာလမ်းအတိုင်းမြောက်ဥက္ကလာပအဝိုင်းနှင့် ခရေပင်လမ်းခွဲအတိုင်း အမှတ် ၃ လမ်းစုံကို ဖောက်လုပ်သွားမည် ဖြစ်ကြောင်းသိရသည်။

စီးပွားရေးမြို့တော်ရန်ကုန်နှင့် ပဲခူးမြို့အနီး တည်ဆောက်ရန် အဆိုပြုထားသည့် ဟံသာဝတီလေဆိပ်အကြား ဆက် သွယ်ပေးမည့် အဝေးပြေးလမ်းစီမံကိန်း၏ အစိတ်အပိုင်းအဖြစ် မြောက်ဘက်ရှိ မင်္ဂလာဒုံဥယျာဉ်နှင့် ရန်ကုန်မြို့ လယ်ကို ချိတ်ဆက်ပေးသည့် ၂ဝ ဒသမ ၅ ကီလိုမီတာရှည် လေးလမ်းသွား အမြန်လမ်းတစ်ခုကို ဆောက်လုပ်ရန် အဆိုပြုချက်တစ်ခုကို ၂ဝ၁၅ ခုနှစ်၊ နိုဝင်ဘာလက လက်ခံရရှိခဲ့ကြောင်း သိရသည်။

Author