ရန်ကုန် မြို့တွင်း ၆မြို့ နယ်တွင် ယာဉ်ရပ်နားခ ပြန်လည်ကောက်ခံမည်ဟု မြို့တော်ဝန်ဆို

0

Full article

Photo Credit

ရန်ကုန် မြို့တွင်း ၆မြို့ နယ်တွင် မျဉ်းဝါကားပါကင်များရေးဆွဲ၍ ယာဉ်ရပ်နားခများ ပြန်လည်ကောက်ခံသွားမည်ဟု ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုးက စက်တင်ဘာလ ၂ဝ တွင် ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွတ်တော် ပုံမှန်အစည်းအဝေး၌ ပြောကြားသွားခဲ့သည်။

"Downtown ၆ မြို့နယ်နဲ့ အခြားလူနေထူထပ်တဲ့ မြို့နယ် ၃၃ ခုမှာ ဒီပြသာနာတွေ ရှိနေတယ်။ မျဉ်းဝါတားပါကင်နေရာတွေ လုပ်ဖို့ လိုအပ်နေတယ်။ အမှန်တစ်ကယ် လုပ်ဆောင် ရမယ့်အခြေအနေလည်းရှိပါတယ်။ လက်ရှိမှာ ကားပါကင်နဲ့ ပက်သတ်တဲ့ ဝန်ဆောင်ခ မယူတဲ့အတွက်ကြောင့် နီးစပ်ရာမှာ ဥပဒေမဲ့၊ စည်းကမ်းမဲ့၊ ခွင့်ပြုချက်မရှိဘဲနဲ့ လိုအပ်သလို ကားပါကင် တွေထားပြီး တော့ ရပ်နေကြတာတွေ့ရပါတယ်။ ဒါတွေကိုလည်း ကျွန်တော်တို့ စနစ်တကျ ကားပါပင်ထားပြီး ကားရပ်နားခွင့် ကောက်ခံဖို့အစီအစဉ်ရှိပါတယ်"ဟု ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောပါသည်။

ကားများကြုံသလို ရပ်နားနေကြခြင်း၊ နေရာဦးမှုများကြောင့် ကိုယ်ထိလက်ရောက် ကျူးလွန်မှုများလည်း ရှိနေသဖြင့် ရန်ကုန်တိုင်းဒေသကြီး မြို့တွင်း၆ မြို့နယ်အတွင်း မော်တော်ယာဉ်များစနစ်တကျ ရပ်နားနိုင်ရန် သက်ဆိုင်ရာဌာနများ ညှိနှိုင်း၍ မျဉ်းဝါတား ကားပါကင်နေရာများ ဆောက်ရွက် ပေးရန်ရှိ၊ မရှိကို ပန်းဘဲတန်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ လွတ်တော် ကိုယ်စားလှယ် ဦးသန်းနိုင်ဦး က ကြယ်ပွင့်ပြမေးခွန်းအဖြစ်မေးမြန်းခဲ့ခြင်းဖြစ်ပါသည်။

ခေတ်သစ်

Author