ရန်ကုန်တိုင်းအဝင် မြို့ နယ်(၁၁) မြို့နယ်တွင် အဆင့်မြင့် မြို့အဝင်တိုးဂိတ်များ မတ်လတွင် စတင်ဆောက်လုပ်မည်

0

Full article

ရန်ကုန်တိုင်းအတွင်းသို့ တစ်ခြားပြည်နယ်နှင့် တိုင်းဒေသကြီးများက ဝင်ရောက်လာသော ကားများကို မြို့ဝင်ကြေးကောက်ခံသည့် အဆင့်မြင့်တိုးဂိတ်များ မေလတွင် စတင်ဆောက်လုပ်သွားရန်ရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာအရာရှိတစ်ဦးထံက သိရသည်။

ရန်ကုန်မြို့အဝင် စည်ပင်သာယာနယ်နမိတ်ပြင်ပတွင် အဆင့်မြင့်တိုးဂိတ်များ တည်ဆောက်သွားမည့် မြို့နယ် (၁၁) မြို့နယ်မှာ မှော်ဘီ၊တိုက်ကြီး၊ လှည်းကူး၊ သန်လျင်၊ကျောက်တန်း၊ ခရမ်း၊ သုံးခွ၊ တွံတေး၊ ကွမ်းခြံကုန်း၊ ကော့မှူးနှင့် ထန်းတပင်မြို့နယ်များတွင် မြို့ဝင်ကြေး ကောက်ခံမည့် အဆင့်မြင့်တိုးဂိတ်များကို ဆောက်လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

"မြို့နယ်အားလုံး ၁၁ မြို့နယ်မှာ အဆင့်မြင့် တိုးဂိတ်တွေ ဆောက်ဖို့ရှိတယ်။ စည်ပင်သာယာ နယ်နမိတ်ပြင်ပက မြို့နယ်တွေမှာ ဆောက်မှာပါ။ အဆင့်မြင့် နည်းပညာ ကင်မရာတွေ တပ်ဆင်ထားဖို့လည်းရှိတယ်။"ဟု ရန်ကုန်မြို့တော်စည်ပင်သာယာ ဌာနက အရာရှိတစ်ဦးက ပြောကြားသည်။

ထိုကဲ့သို့ အဆင့်မြင့် မြို့ဝင်တိုးဂိတ်များ ဆောက်လုပ်ရန်အတွက် ပြည်တွင်းကုမ္ပဏီများကို တင်ဒါခေါ်ယူမှု ပြုလုပ်၍ မတ်လအတွင်း တည်ဆောက်သွားမည် ဖြစ်ကြောင်းသိရသည်။

အဆင့်မြင့် မြို့ဝင်တိုးဂိတ်များတွင် ယာဉ်သွားလာမှုကို စစ်ဆေးသော ကင်မရာများတပ်ဆင်ထားမှာဖြစ်ပြီး တင်ဒါခေါ်ယူသော ကုမ္ပဏီကို တင်ဒါစည်းကမ်းချက်များနှင့် အညီရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

P-01

Author