ရန်ကုန်တိုင်းဒေသကြီး၊ (၇၃ )နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကျင်းပချိန်တွင် လမ်းများကိုခေတ္တပိတ်ခြင်း၊ လမ်းလွှဲခြင်းများဆောင်ရွက်သွားမည်

0

Full article

ရန်ကုန်တိုင်းဒေသကြီး၊ (၇၃ )နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကျင်းပချိန်တွင် လမ်းများကိုခေတ္တပိတ်ခြင်း၊ လမ်းလွှဲခြင်းများဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီမှ အသိပေးနှိုးဆော်ထားပါသည်။


ရန်ကုန်တိုင်းဒေသကြီး၊ (၇၃) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ရန်ကုန်မြို့၊ မြို့တော်ခမ်းမရှေ့မဟာဗန္ဓုလပန်းခြံတွင် နံနက် (၇ )နာရီမှ စတင်ကျင်းပသွားမည်ဖြစ်သောကြောင့် နံနက် (၆) နာရီမှစတင်ကာ အခမ်းအနားပြီးဆုံးချိန်ထိ အောက်ဖော်ပြပါလမ်းများကို ခေတ္တပိတ်ခြင်း၊ လမ်းလွှဲခြင်းများဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီမှ အသိပေးနှိုးဆော်ထားပါသည်။

မဟာဗန္ဓုလ လမ်းအား ဆူးလေဘုရားလမ်းမှ ပန်းဆိုးတန်းလမ်းအထိ၊ ဘဏ်လမ်းအား ဆူးလေဘုရားလမ်းမှ ပန်းဆိုးတန်းလမ်းအထိ၊ ကုန်သည်လမ်းအား ပန်းဆိုးတန်းလမ်းမှ ဆူးလေဘုရားလမ်းအထိ လမ်းများပိတ်ထားမည်ဖြစ်သဖြင့် မဟာဗန္ဓုလလမ်းမှလာသော ယာဉ်လိုင်းများအနေဖြင့် ဆူးလေဘုရားလမ်း၊ ကမ်းနားလမ်း၊ ပန်းဆိုးတန်းလမ်းမှ လည်းကောင်း၊  ကုန်သည်လမ်းမှလာသော ယာဉ်လိုင်းများအနေဖြင့် ပန်းဆိုးတန်းလမ်း၊ ကမ်းနားလမ်း၊ ဆူးလေဘုရားလမ်း၊ ကုန်သည်လမ်းအတိုင်းမောင်နှင်ကြပါရန် အသိပေနှိုးဆော်ထားသည်။


အခမ်းအနားသို့ တက်ရောက်လာသည့် ဧည့်သည်တော်ယာဉ်များအနေဖြင့် ပန်းဆိုးတန်းလမ်းနှင့် ဆူးလေ ဘုရားလမ်းကြားရှိ ကုန်သည်လမ်း၊ ဘဏ်လမ်းနှင့် ပန်းဆိုးတန်းလမ်းပေါ်ရှိ ယာဉ်ပါကင်များတွင် ရပ်နားနိုင်ပါကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီမှ အသိပေးနှိုးဆော်ထားပါသည်။

Author