ရန်ကုန်ကားတင်သွင်းသည့် မူဝါဒထွက်ပေါ်မည့်အဖြေအား ကားအရောင်းအဝယ်ပြုလုပ်သူများအားလုံးစောင့်ဆိုင်းနေ

0

Full article

ရန်ကုန်တိုင်းဒေသကြီးအတွင်းကားတင်သွင်းသည့် မူဝါဒအားချမှတ်မည်ဖြစ်ရာထွက်ပေါ်လာမည့် အဖြေကို အရောင်းအဝယ်ပြုလုပ်သူများ စောင့်ဆိုင်းနေကြောင်း ရန်ကုန်ကားဈေးကွက်မှသိရသည်။ လက်ရှိရန်ကုန် ကားဈေးကွက်မှာ ကားပါကင်ထောက်ခံချက် စနစ်ရပ်ဆိုင်းထားသောကြောင့် မကြာခင် အစိုးရအဖွဲ့မှ ထွက်ပေါ်လာမည့်အဖြေ အပြောင်းအလဲကို စောင့်ဆိုင်းနေလျက်ရှိပြီး ကားအရောင်းအဝယ်မှာလည်း ပါကင်စနစ်ပိတ်ထားသည့် ၃ လကျော်အတွင်း အရောင်းအဝယ် သိသာစွာ အေးစက်မှုနှင့် ကြုံတွေ့နေရသည်။ ရန်ကုန်ကားတင်သွင်းခွင့်ထွက်ပေါ်လာမယ့်အဖြေကို အားလုံးကစောင့်နေကြတာ။ ဈေးကွက်မှာလည်း သတင်းတွေက အမျိုးစုံထွက်နေတယ်။ သေချာတိကျတဲ့ အဖြေအမြန်ဆုံးထွက်ပေါ်စေချင်နေပြီ။ ကားအရောင်းပြခန်းတွေကော တစ်နိုင်တစ်ပိုင် ဝယ်ရောင်းတွေကော အားလုံးစောင့်နေတယ်လို့ပြောလို့ရတယ်။ ရန်ကုန်လိုင်စင်ကိုပဲ ဝယ်ရောင်းတွေက အဓိကထားပြီး လုပ်နေရတာ။ အချိန်ကြာလာတော့ လုပ်ငန်းတွေပါရပ်ကုန်တယ် ဟု လှိုင်ယာဉ်ရောင်းဝယ်ရေးစခန်းမှ ကားဝယ်ရောင်းပြုလုပ်သူ ဦးမင်းမင်းကဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဖြေရှင်းနိုင်မည့် အဖြေတစ်ခုကို အမြန်းဆုံးထုတ်ပြရန်လိုအပ်နေသလို ဖရီးပါမစ်တင်သွင်းခြင်းကို ပိတ်ပင်မည်ဟု သတင်းများ ကြားနေရသဖြင့် ကားတင်သွင်းမှုကိုလည်းရပ်ထားကြောင်းသိရသည်။

ခေတ်သစ်

Author