Full article

ရန်ကုန်၊ မေလ- ၂၅

ရန်ကုန်တိုင်းဒေသကြီး အတွင်း အပ်ကားများရှားပါးနေခြင်းနှင့်အတူ စလစ်ဈေးများ ဆက်လက်မြင့်တက်နေကြောင်း ကားဝယ်ရောင်းဈေးကွက်အတွင်းမှ သိရသည်.။

လက်ရှိအချိန်တွင် စက်မှုဇုန်ထုတ်ကားများ ပြန်လည်အပ်နှံခွင့်ပြုခဲ့ပြီးသည့် နောက်ပိုင်းတွင် စလစ်ဈေးများ မြင့်တက်လာခဲ့ပြီး အပ်ကားရှားပါးနေရခြင်းကြောင့် စလစ်ဈေးမြင့်တက်နေခြင်းဖြစ်ကြောင်း ကားဝယ်ရောင်းများထံမှ သိရသည်.။ စလစ်ဈေးမြင့်တက်နေခြင်းကြောင့် အပ်ကားဈေးကွက်အတွင်း အရောင်းအဝယ် အနည်းငယ်အေးစက်နေခဲ့ပြီး ဈေးနှုန်းအခြေအနေကို စောင့်ကြည့်နေရကြောင်း ယာဉ်အိုယာဉ်ဟောင်း ဈေးကွက်အတွင်းမှ သိရသည်.။

ဒီရက်ပိုင်းမှာ အပ်ကားတွေကလည်း ရှားလာတယ်။ စလစ်ဈေးတွေကလည်း အဲဒီအပေါ်မှာ မှီပြီး တရိပ်ရိပ်တက်လာတာ တွေ့ရတယ်.။ အဓိကဈေးတက်ရခြင်း အကြောင်းအရင်းက ကားပါကင်ထောက်ခံချက် မတောင်းခံတဲ့အတွက် ဈေးနှုန်းမြှင့်တင်ပြီး ရောင်းချလာကြတယ်.။ ကားပါကင်ထောက်ခံချက် ဈေးတွေကလည်း ကျပ် ၇ သိန်းဝန်းကျင် ဖြစ်နေပြီး ကားဈေးတွေကလည်း မတည်မငြိမ်ဖြစ်နေတော့ အရောင်းအဝယ်လည်းပါးတယ်.။ အစိုးရအနေနဲ့လည်း ကားပါကင်ထောက်ခံချက်အပေါ် တင်းကြပ်ထားတာတွေကို အနည်းငယ်လျှော့ချပေးမယ်ဆိုရင်တော့ အဆင်ပြေမယ်လို့ ထင်ပါတယ် ဟု ဝါရင့်ကားဝယ်ရောင်းတစ်ဦးက သူ့အမြင်ကို ပြောကြားခဲ့သည်.။ ယခုရက်ပိုင်းအတွင်း ဖြစ်ပေါ်နေသည့် စလစ်ဈေးများအရ သက်တမ်းနှစ် ၂ဝ အပ်စလစ်တစ်စောင်လျှင် ကျပ် ၆၄ သိန်းဝန်းကျင်နှင့် စက်မှုဇုန်ကားစလစ် တစ်စောင်လျှင် ကျပ် ၆၂ သိန်းခွဲဝန်းကျင် ပေါက်ဈေးရှိနေကြောင်း သိရသည်.။

ထို့အတူ ကားပါကင် ထောက်ခံချက်တစ်စောင်လျှင် ကျပ် ၆ သိန်းခွဲရှိကြောင်း ရန်ကုန်ကားဈေးကွက်မှ စုံစမ်းသိရှိရသည်.။

မင်းညီ ( မေလ ၃ဝရက်၊ ၂ဝ၁၅ ထုတ် AutoCar Buyers' Guide မှ ကူးယူဖော်ပြသည်)

www.myanmarcarsdb.com

No. 1 Car Site in Myanmar

Author