Xtreme Auto Drive ပြိုင်ပွဲအမျိုးအစားများနှင့် ဆုကြေးများ

0

Full article

Xtreme Auto Drive ပြိုင်ပွဲကြီးတွင် ပါဝင်ယှဉ်ပြိုင်လိုသူများအတွက် ပါဝင်ယှဉ်ပြိုင်နိုင်မည့် ပြိုင်ပွဲအမျိုးအစားများနှင့် ဆုများကို ကြိုတင်သိရှိနိုင်ရန် ထုတ်ပြန်ပေးလိုက်ပါသည်.။

ပါဝင်ယှဉ်ပြိုင်လိုသူများအတွက် ပါဝင်ယှဉ်ပြိုင်မယ့် ကားရဲ့ အင်ဂျင်ပါဝါပေါ်မူတည်ပြီး ပြိုင်ပွဲအမျိုးအစား (၃) မျိုးခွဲခြားထားပါတယ်.။

(၁) အင်ဂျင်ပါဝါ 1300cc နှင့် အောက်ကားများ

(၂) အင်ဂျင်ပါဝါ 1300cc မှ 3000cc ကြားကားများ

(၃) နှစ်သက်ရာ ကားအမျိုးအစားဖြင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်သည့် Open Class

အစရှိသည့် ပြိုင်ပွဲ (၃) ရပ်တွင် မိမိနှင့် ကိုက်ညီရာ ပြိုင်ပွဲများမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါတယ်.။

ဆုများအနေဖြင့် ပြိုင်ပွဲ (၃) ရပ်လုံးအတွက် ပထမဆု – Trophy + ဒေါ်လာ 300 တန်ဖိုးရှိသော Mothers Car Care Kit + 100,000 kyats Shell & Continental voucher + Helix Ultra 4L + Shell Polo Tee + Continental Umbrella၊ ဒုတိယဆု – Trophy + ဒေါ်လာ 150 တန်ဖိုးရှိသော Mothers Car Care Kit + 75,000 kyats Shell & Continental voucher + Helix Ultra 4L + Shell Polo Tee + Continental Umbrella နှင့် တတိယဆု – Trophy + ဒေါ်လာ 100 တန်ဖိုးရှိသော Mothers Car Care Kit + 50,000 kyats Shell & Continental voucher + Helix Ultra 4L + Shell Polo Tee + Continental Umbrella ချီးမြှင့်မည်ဖြစ်ပြီး ပြိုင်ပွဲ (၃) ရပ်လုံးအနက်မှ Best Timing မောင်းနှင်နိုင်သူ (၃) ဦးအား ပထမဆု – 500,000 ကျပ် + Shell Helix Ultra 4L + Shell Polo Tee + Continental Umbrella၊ ဒုတိယဆု – 300,000 ကျပ် + Shell Helix Ultra 4L + Shell Polo Tee + Continental Umbrella၊ တတိယဆု – 200,000 ကျပ် + Shell Helix Ultra 4L + Shell Polo Tee + Continental Umbrella တို့ကို ချီးမြှင့်သွားမှာဖြစ်ပါတယ်.။

အကောင်းဆုံး ကားအလှဆင်ပြိုင်ပွဲတွင်လည်း ပထမဆု – ဒေါ်လာ (၅ဝဝ) တန်ဖိုးရှိ Sonax Car Care Kit+ XAD Trophy + Shell Helix Ultra 4L + Continental Cap & Umbrella၊ ဒုတိယဆု – ဒေါ်လာ (၃ဝဝ) တန်ဖိုးရှိသော Sonax Car Care Kit+ XAD Trophy + Shell Helix Ultra 4L + Continental Cap & Umbrella၊ တတိယဆု – ဒေါ်လာ (၂ဝဝ) တန်ဖိုးရှိသော Sonax Car Care Kit+ XAD Trophy + Shell Helix Ultra 4L + Continental Cap & Umbrella တို့ကို ချီးမြှင့်မှာဖြစ်ပါတယ်.။

ဒါ့အပြင် ပွဲသို့ရောက်ရှိလာသော ပရိသတ်များကိုလည်း Lucky Draw များ ဖောက်ပေးသွားမှာဖြစ်ပြီး ပထမဆု – ဒေါ်လာ (၅ဝဝ) တန်ဖိုးရှိသော Ipad mini + Helix Ultra 4L+ Umbrella+ Polo Tee၊ ဒုတိယဆု – ဒေါ်လာ (၃ဝဝ) တန်ဖိုးရှိသော Casio Watch + Helix Ultra 4L+ Umbrella+ Polo Tee၊ တတိယဆု – ဒေါ်လာ (၁ဝဝ) တန်ဖိုးရှိသော City Mart Voucher + Helix Ultra 4L+ Umbrella+ Polo Tee တို့ကို ချီးမြှင့်ပေးသွားမှာဖြစ်ပါတယ်.။

အဆိုပါပွဲအတွက် လက်မှတ်များကို ဝင်ခွင့်လက်မှတ်တစ်စောင်လျှင် (၇ဝဝဝ) ကျပ်၊ ကားမောင်းနှင်ပြိုင်ပွဲအတွက် ပါဝင်ယှဉ်ပြိုင်လိုပါက ဝင်ကြေး (၃ဝဝဝဝ) ကျပ်ဖြင့် ပါဝင်နိုင်မှာဖြစ်ပြီး လက်မှတ်ဝယ်ယူလိုသူများအတွက် စီးတီးမတ် စူပါမားကတ်များ (စတားစီးတီးနှင့် ဧရာဝဏ်မှအပ) တွင် ဝယ်ယူရရှိနိုင်သလို ကျွန်တော်တို့ CarsDB ၏ ရုံးခန်းဖြစ်သော အမှတ် ၁၄၄၊ ၂(က)၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ (၄၇) လမ်းထိပ်၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း – 09 331 221 44 တွင်လည်း လက်မှတ်ဝယ်ယူခြင်းနှင့် ကားမောင်းနှင်ပြိုင်ပွဲအတွက် စာရင်းပေးသွင်းခြင်းတို့ကို ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်.။

www.carsdb.com

No. 1 Car Site in Myanmar

Author