အဆိုပါပွဲကြီးတွင် အလှုဒါနပြုရန်အတွက် နိုင်ငံခြားအလှမယ်များဖြင့် ကားရေဆေးခြင်း၊ နိုင်ငံခြားနှင့် ပြည်တွင်းအလှမယ်များ၏ မော်ဒယ်ရှိုး၊ ကားနှင့်ဆက်စပ်ပစ္စည်းများ One-Stop ဈေးရောင်းပွဲ၊ နိုင်ငံခြားမှ ကျွမ်းကျင်မောင်းနှင်သူ၏ သရုပ်ပြသမှု၊ ကလေးများအတွက် ပျော်ရွှင်စရာအစီအစဉ်များ၊ အကောင်းဆုံး ကားအလှဆင်ပြိုင်ပွဲ၊ ကားကိုကျွမ်းကျင်စွာ ထိန်းသိမ်းမောင်းနှင်နိုင်မှုနှ
အဆိုပါပွဲအတွက် လက်မှတ်များကို ဝင်ခွင့်လက်မှတ်တစ်စောင်လျှင် (၇ဝဝဝ) ကျပ်၊ ကားမောင်းနှင်ပြိုင်ပွဲအတွက် ပါဝင်ယှဉ်ပြိုင်လိုပါက ဝင်ကြေး (၃ဝဝဝဝ) ကျပ်ဖြင့် ပါဝင်နိုင်မှာဖြစ်ပြီး လက်မှတ်ဝယ်ယူလိုသူများအတွက် စီးတီးမတ် စူပါမားကတ်များ (စတားစီးတီးနှင့် ဧရာဝဏ်မှအပ) တွင် ဝယ်ယူရရှိနိုင်သလို ကျွန်တော်တို့ CarsDB ၏ ရုံးခန်းဖြစ်သော အမှတ် ၁၄၄၊ ၂(က)၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ (၄၆) လမ်းထိပ်၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း – 09 331 221 44 တွင်လည်း လက်မှတ်ဝယ်ယူခြင်းနှင့် ကားမောင်းနှင်ပြိုင်ပွဲအတွက် စာရင်းပေးသွင်းခြင်းတို့ကို ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်.။
No. 1 Car Site in Myanmar