ကားတွေပါထုတ်လုပ်လာပြီဖြစ်တဲ့ Xiaomi

0

Full article

Smartphone လောကမှာ အချိန်တိုအတွင်း အောင်မြင်ကျော်ကြားမှုကိုရရှိခဲ့တဲ့ တရုတ် smartphone ကုမ္ပဏီ Xiaomi (ရှောင်မီ) ဟာ သူတို့ရဲ့ ကိုယ်ပိုင် Xiaomi Redmi Car ကို ပြီးခဲ့တဲ့ ဧပြီလ ၃ ရက်နေ့က မိတ်ဆက်ခဲ့ပါတယ်။ အဲဒီကားကတော့ ဝယ်ယူသူစိတ်ကြိုက်ပြင်ဆင်နိုင်တဲ့ Bestune T77 SUV ဖြစ်ပြီး အခြေခံ ရောင်းဈေးကတော့ ယွမ် ၈၉,၈ဝဝ ဒါမှမဟုတ် ဒေါ်လာ ၁၃,၄ဝဝ ပါ။

Xiaomi ပရိသတ်တွေကတော့ Xiaomi ရဲ့ မော်တော်ကားထုတ်လုပ်လာမှုအပေါ် ကျေနပ်ပျော်ရွှင်နေကြပြီး ဒီကြေညာချက်ကိုတော့ Xiaomi က သူတို့ရဲ့ Weibo မှာ ထုတ်ပြန်ခဲ့တာပဲဖြစ်ပါတယ်။

Bestune T77 SUV ဟာ ဝယ်သူစိတ်ကြိုက်ပြင်ဆင်နိုင်တဲ့ Xiaomi Redmi ကားဖြစ်ပြီး ဒီလိုထုတ်လုပ်လိုက်ခြင်းအားဖြင့် Xiaomi အနေနဲ့ သူတို့ဟာ သာမန် mobile ကုမ္ပဏီတစ်ခု ထက်မကတော့ပါဘူးလို့ ဆိုလိုက်သလိုပါပဲ။ ဒီ ၂ဝ၁၉ ခုနှစ်အတွင်း သူတို့ရဲ့ ထုတ်ကုန်ကို တိုးချဲ့သွားမယ်လို့လည်း Xiaomi က ကြေညာခဲ့ပါသေးတယ်။ ဘယ်လိုပဲပြောပြော Xiaomi Redmi ကားဟာ Xiaomi ရဲ့ အကောင်းဆုံးထုတ်ကုန်စာရင်းမှာ ပေါင်းထည့်ရမယ့် ထုတ်ကုန်တစ်ခုဖြစ်တာ သေချာပါတယ်။

Xiaomi Redmi Car, Bestune T77 SUV ပါဝင်တဲ့အချက်တွေကတော့

Dimension : 4525 x 1845 x 1615 mm
Wheelbase : 2700 mm
Weight : 3,208 lbs
Engine : 1.2L Turbocharged
Transmission : 6-speed MT Gearbox
Maximum Power : 141hp
Maximum Torque: 204Nm

ဖြစ်ပြီး မတူညီတဲ့ version ၆ မျိုးနဲ့ထုတ်လုပ်ထားတယ်လို့ဆိုပါတယ်။ အမြင့်ဆုံးဈေးနှုန်းအနေနဲ့ကတော့ ယွမ် ၁၃၄,ဝဝဝ ဒါမှမဟုတ် ဒေါ်လာ ၁၉,၉၈ဝ လောက်ထိ ကျသင့်သွားနိုင်ပါတယ်။

Bestune T77 ဟာ Xiaomi နဲ့ တရုတ်အစိုးရပိုင် မော်တော်ယာဉ်ထုတ်လုပ်ရေး ကုမ္ပဏီဖြစ်တဲ့ FAW ရဲ့ထုတ်ကုန်တစ်ခုဖြစ်တဲ့ Bestune (Bestrun)  နဲ့ပူးပေါင်းထုတ်လုပ်ထားတာဖြစ်ပြီး Bestune (Besturn) T77 လို့ခေါ်ကြသလို Redmi Car လို့လည်း ခေါ်ဆိုနိုင်ပါတယ်။

Ref: Digital Phablet & Wiki

Author