Full article

အမေရိကန်ပြည်ထောင်စု၏အကြီးဆုံး ကားကုမ္ပဏီကြီးဖြစ်သည့် ဂျီအမ်သည် ကမ္ဘာ့ရောင်းအား အကောင်းဆုံး ကုမ္ပဏီစာရင်းတွင် အဆင့်သုံးနေရာသို့ ပထမဦးဆုံး အကြိမ် ရောက်ရှိသွားခဲ့ကြောင်း 'Economic-times သတင်းစာ'က ဇန်နဝါရီလ ၃၁ ရက်တွင် ရေးသားဖော်ပြခဲ့သည်။

gm

၁၉ဝ၈ ခုနှစ်တွင် မစ်ချီဂန်ပြည်နယ်၌ စတင်တည်ထောင်ခဲ့သော ဂျီအမ်သည် ၁၉၃၁ ခုနှစ်မှ ၂ဝဝ၇ခုနှစ်ထိ ကမ္ဘာ့ရောင်းအား အကောင်းဆုံး ကုမ္ပဏီအဖြစ် ၇၇ နှစ် ဆက် တိုက် ရပ်တည်နိုင်ခဲ့သည်။ သို့သော် ၂ဝဝ၈မှ ၂ဝ၁၂ ခုနှစ်ထိ ငါးနှစ်အတွင်း ပထမနေရာကို မဟာပြိုင်ဘက် တိုယိုတာထံ လွဲပြောင်းပေး ခဲ့ရသော်လည်း တတိယနေရာ အထိဆင်း သက်ပေးခဲ့ရခြင်း မရှိခဲ့ပေ။ ၂ဝ၁၃ ခုနှစ်တွင်မူ တစ်ကမ္ဘာလုံးတွင် ကားစီးရေ ၉ ဒသမ ၇၁ သန်း ရောင်းချ နိုင်ခဲ့သော်လည်း အဆင့်သတ်မှတ်ချက်အရ တိုယိုတာ နှင့် ဂျာမာန် ကုမ္ပဏီ ဗောက်စ်ဝက်ဂန်တို့၏ နောက် တတိယနေရာတွင်သာ ရပ်တည်နိုင်ခဲ့သည်။ ပြီးခဲ့သည့် ၂ဝ၁၃ ခုနှစ်အတွင်း တိုယိုတာသည် ကားစီးရေ ၉ ဒသမ ၉၈ သန်း ရောင်းချကာ ရောင်းအား အကောင်းဆုံးဆုကို ခြောက်နှစ်တာအတွင်း ငါးကြိမ်မြောက် ရရှိခဲ့ပြီး မောက်စ်ဝက်ဂန်က ကားစီးရေ ၉ ဒသမ ၇၃ သန်း ရောင်း ချကာ ဒုတိယ နေရာတွင် ရပ်တည်နိုင်ခဲ့သည်။ ဂျီအမ်ကို ကျော်ဖြတ်ကာ ဒုတိယနေရာသို့ တက်လှမ်းလာခဲ့သော ဗောက်စ်ဝက်ဂန်သည်၎င်းတို့ ကုမ္ပဏီမှ ထုတ်လုပ်သည့် ကားတံဆိပ် ၁၂ မျိုးစလုံး ရောင်းအားတက်ခဲ့သောကြောင့် အမြတ်ငွေ ရရှိမှုပမာဏမှာလည်း မြင့်တက်လာခဲ့သည်။ ဗောက်စ်ဝန်ဂန်ကုမ္ပဏီသည် Audi ၊ SEAT ၊ Skoda ၊ Porsche ၊ VW ၊ Lamborghini ၊ Bentley ၊ Bugatti ၊ VW Commercial Vehicles ၊ Ducati ၊ Man နှင့် Scania အမှတ်တံဆိပ်ကားများကို ထုပ်လုပ်ရောင်းချ လျက်ရှိပြီး ၂ဝဝ၈ ခုနှစ် အတွင်း တစ်နှစ်တာ ရောင်းအားအကောင်းဆုံး ပမာဏကိုဆယ်သန်း အထိ ဖြစ်လာစေရန် ရည်ရွယ်ထားသည်။

Ref: Automobile

Author