Toyota Aye and Sons ရဲ့Customersများအတွက် နှစ်သစ်အကြိုအထူး Promotionအစီအစဉ်

0

Full article

အင်ဂျင်ဝိုင်၊ စက်ဆီ၊ ဂီယာဆီ၊ ဘရိတ်ဆီများကို မြန်မာနိုင်ငံအနှံ့ ထုတ်လုပ်ဖြန့်ချီသည့် World Lubricants သည် ၎င်း၏ ရောင်းအားအကောင်းဆုံးသော နယ်ကိုယ်စားလှယ်များအား ဆုချီမြှင့်ခြင်းနှင့် နှစ်ပတ်လည် မိတ်ဆုံညစာစားပွဲကို မတ် ၁၇ တွင် နေပြည်တော်ရှိ မန်းမြန်မာဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

UAE နိုင်ငံမှ တိုက်ရိုက်တင်သွင်းသော World Lubricants အင်ဂျင်ဝိုင်များသည် ဈေးနှုန်းသင့်တင့်မျှတ၍ အကောင်းဆုံးစွမ်းဆောင်ရည်ကိုရရှိနိုင်ကြောင်း၊ မိမိတိုအနေဖြင့် ကွာလတီကို အပြည့်အဝအာမခံပါကြောင်း၊ More than your expectations ဆိုသည့်ဆောင်ပုဒ်နှင့်အညီ သုံးစွဲသူများစိတ်ကျေနပ်မှုအပြည့်အဝရစေရန်ကို အထူးဂရုစိုက်ပါကြောင်း ၊ ထို့ပြင်ယခုကဲ့သို့ လက်တွဲလုပ်ကိုင်ပေးသော နယ်ကိုယ်စားလှယ်တော်များအားလည်း အထူးကျေးဇူးတင်ပါကြောင်းကို World Lubricants အင်ဂျင်ဝိုင်များအား တဦးတည်းကိုယ်စားလှယ်ယူကာ တင်သွင်းဖြန့်ချီသည့် Delta Intl Ltd ဒါရိုက်တာဦးစိုးမင်းဟန်က ပြောကြားသွားခဲ့သည်။

Delta International Limited သည် မော်တော်ယာဉ်နှင့် ဆိုင်ကယ်များအတွက် အထူးလိုအပ်ပြီး အရည်အသွေးပြည့်မီသည့် World Lubricants အမှတ်တံဆိပ် အင်ဂျင်ဝိုင်နှင့် ဆီအမျိုးအစားများကို မြန်မာနိုင်ငံရှိမြို့ကြီး ၂၃ မြို့သို့ ထုတ်လုပ် ဖြန့်ချီလျက်ရှိပါသည်။

World Lubricants ကို ဓာတ်ဆီ၊ ဒီဇယ်သုံးမော်ဒယ်မြင့် ကားအမျိုးမျိုး၊ ကုန်တင်ယာဉ်၊ ခရီးသည်တင်ယာဉ်နှင့် စက်ယန္တရား အမျိုးမျိုးတွင် အသုံးပြုနိုင်ပြီး မြန်မာနိုင်ငံ၏ ရာသီဥတုနှင့်ကိုက်ညီမှုရှိသော အရည်အသွေးမြင့် စက်ချောဆီအမျိုးအစား ဖြစ်ပါသည်။

သုံးစွဲသူများဖောက်သည်များသည် World Lubricants ကို အသုံးပြုခြင်း ဖြင့် အင်ဂျင်သက်တမ်း ပိုမိုကြာရှည်ခံကာ ဆီစားနှုန်း သက်သာစေခြင်း၊ မော်တော်ယာဉ်နှင့် စက်ယန္တရားများ၏ စက်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်မြင့်မားတိုးတက်စေခြင်း၊ အင်ဂျင် အတွင်း ပွတ်တိုက်စားမှုနည်းပါးကာ အနည်ကျခြင်း၊ ကြပ်ခိုးစွဲခြင်း၊ ဆီချေးတက်ခြင်း၊ သံချေးတက်ခြင်း၊ အပူချိန် မြင့်မား လွန်ကဲခြင်းနှင့် ဓာတုဓာတ်ပြုမှုတို့မှ ကာကွယ်ပေးခြင်း၊ အေးခဲသော ရာသီတွင် စက်နှိုးရလွယ်ကူစေပြီး၊ ယာဉ်နှင့် စက်ယန္တရား၏ စက်သံသိသာစွာ ညက်ညော၍ စက်၏ စွမ်းဆောင်ရည်ပိုမို ကောင်းမွန်စေခြင်းစသည့် အကျိုးကျေးဇူးများရရှိ နိုင်သော အရည် အသွေးမြင့်ကုန်စည်အမျိုးအစားဖြစ်ပါသည်။

Delta International Limited ကို ၁၅၁/အေ၊ ဝေဇယန္တာလမ်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်တွင်ဖွင့်လှစ်ထားပြီး ဖုန်းနံပါတ် ဝ၁၈၅၆၂၂၅၂၊ ဝ၁၈၅၆၂၂၅၃၊ ဝ၁၅၇၃၆၃၈ တို့ကို ဆက်သွယ်၍ ရနိုင်ပါသည်။

အသေးစိတ်သိရှိလိုပါက လိပ်စာ – ကမ္ဘာအေးဘုရားလမ်း၊ပုလဲကွန်ဒိုရှေ့ Toyota Aye and Sons ဖုန်းနံပါတ် – 09954400950, 09954502206, 01 400950 နဲ့ 01 502206ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။
Toyota Aye and Sons ပတ်သက်သည့်အကြောင်းအရာ အသေးစိတ်ကို http://toyota-ayeandsons.com/ မှာကြည့်နိုင်ပါတယ်။

Author