Yoma Car Share ၏ World Class Drives in Myanmar အစီအစဉ်

0

Full article

Yoma Car Share သည်ကိုယ်တိုင်ကားမောင်းပြီး Road Trip ခရီးသွားချင်သူများအတွက် မြန်မာနိုင်ငံတစ်ဝန်း Online မှတစ်ဆင့် ဘယ်မောင်းကားမျိုးစုံကို စိတ်တိုင်းကျရွေးချယ်ပြီး မိမိလိုအပ်သော အချိန်အပိုင်းအခြားအတိုင်း ငှားရမ်းနိုင်သည့်ဝန်ဆောင်မှုဖြစ်သည်။ ကိုယ်တိုင်ကားမောင်းပြီး Road Trip ခရီးရက်ရှည် သွားချင်သူများအတွက် သက်သောင့်သက်သာရှိသလို ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချစွာမောင်းနှင်နိုင်မည့် မော်တော်ယာဥ်များစီစဉ်ငှားရမ်းနေသော မော်တော်ယာဉ်ဆိုင်ရာဝန်ဆောင်မှုပေးနေသည့် ကုမ္ပဏီလည်းဖြစ်သည််။

Yoma Car Share အနေဖြင့် Road Trip ခရီးထွက်မယ့်သူများ ခရီးစဥ် plan ရေးဆွဲရာတွင် အထောက်အကူ ဖြစ်စေရန်အတွက် Upper Myanmar (အထက်မြန်မာပြည်) နဲ့ Lower Myanmar (အောက်မြန်မာပြည်) တို့မှ စိတ်ဝင်းစားဖွယ်ရာ ခရီးစဥ် (၆) ခု ပါဝင်သော World Class Drives in Myanmar ဆိုသည့် အစီအစဥ်ကို စီစဥ်ရေးဆွဲပေးထားသည်ဟု သိရသည်။

အဆိုပါ World Class Drives တွင်ပါဝင်သော ခရီးစဥ်များကို www.yomacarshare.com တွင် မည်သူမဆိုအခမဲ့ download ရယူပြီး Road Trip ခရီးစဥ်များကို ဖန်တီးနိုင်သည်။ ခရီးစဥ် တစ်ခုချင်းစီတွင် နေရာဒေသအလိုက် တိကျသောမြေပုံအညွှန်း၊ နေရာ တစ်ခုမှတစ်ခုသို့သွားရမည့် ခရီးအကွာအဝေးနှင့်ကြာမြင့်ချိန်၊ သွားရောက်လည်ပတ်သင့်သော အထင်ကရနေရာများ၊ လမ်းအသုံးပြုခ၊ မြို့ဝင်ကြေးနှင့် ဟိုတယ်လမ်းညွှန် အစရှိသည်တို့ကို ပြည့်စုံစွာ ထည့်သွင်းဖော်ပြပေးထားသဖြင့် ခရီးသွားရသည်ကိုနှစ်သက်သူများ အဆင်သင့်အသုံးပြုနိုင်သည့် apps တစ်ခုလည်းဖြစ်လေသည်။

Yoma Car Share သည်လက်ရှိအချိန်တွင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မြို့များ အပါအဝင် မြန်မာနိုင်ငံတစ်ဝန်းရှိမြို့ကြီးများနှင့် လေဆိပ်များ၌ Rental Hub ပေါင်း (၂၀) ခုအထိ ဖွင့်လှစ်ထားရှိပြီး Customer များ အတွက် (၂၄) နာရီ (၇) ရက်ပတ်လုံး ပိတ်ရက်မရှိဝန်ဆောင်မှုများ ပေးအပ်လျက်ရှိသည်။ Yoma Car Share ကို အသုံးပြုလိုပါက Mobile Application (သို့) www.yomacarshare.com တို့မှတစ်ဆင့် ရိုးရှင်းလွယ်ကူစွာ မှတ်ပုံတင်၊ အကောင့်ဖွင့်ကာ မိမိအလိုရှိသည့် မော်တော်ယာဥ်များကို စိတ်တိုင်းကျရွေးချယ်ပြီး မိမိအလိုရှိသည့် အချိန် အပိုင်းအခြားအတိုင်း ငှားရမ်းမောင်းနှင်နိုင်မည်ဟု သိရသည်။

Author